တနင်္သာရီမြစ်အတွင်း မီးလောင်မှုဖြစ်ပွား၍ လူ (၃) ဦး ဒဏ်ရာရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီမြစ်အတွင်း မီးလောင်မှုဖြစ်ပွား၍ လူ (၃) ဦး ဒဏ်ရာရရှိ



မြိတ်  ၊ ဧပြီ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ဂဏန်းကျွန်းကျေးရွာအနီးရေပြင် (တနင်္သာရီမြစ်အတွင်း) ၌ ဧပြီ (၂၅) ရက် ညနေ (၆) နာရီခွဲခန့်က ဦးပေါ်ထွန်းဦး ပုလောမြို့နယ် ပြင်ပုငယ်ကျေးရွာတွင် နေထိုင်သူပိုင်ဆိုင်သည့် အေးပြည့်အောင်-၃ (လိုင်းဖြူငါးဖမ်းကဲ့လှေ) တစ်စီးသည် ဓါတ်ဆီနှင့်ဒီဇယ်များ တင်ဆောင်လာပြီး နေရပ်ပြန်ရန် အင်ဂျင်စက်နှိုးစဉ် စက်ဂျမ်းဖြစ်ပြီး စက်သတ်မရသဖြင့် လှေဝမ်းထဲသို့ဆင်းကာ စက်အားသတ်စဉ် မီးပွားကျရာမှတစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး လူ (၃) ဦး မီးလောင်ဒဏ်ရာရရှိခဲ့သည်။

မီးလောင်မှုကြောင့် ပြင်ပုငယ်ကျေးရွာ၍ နေထိုင်ကြသော ဦးစိုးမိုးအောင် (ရေလုပ်သား)၊ ဦးသန်းဦး(ရေလုပ်သား) နှင့် ဦးပေါ်ထွန်းဦး (ပဲ့နင်း/ပိုင်ရှင်) တွင် ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့ကြသဖြင့် အောင်မင်္ဂလာလူမူရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မြိတ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေး၍ ဆေးကုသမှုခံယူလျက်ရှိကြသည်။

မီးလောင်မှုအား မြိတ်ခရိုင်မီးသတ်ဦးစီးဌာနသို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ စကားပြောစက်ဖြင့် သတင်းပေးပို့သဖြင့်  ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊  ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ အုပ်ချုပ်မှုယာဉ်နှင့် လူနာတင်ယာဉ်များဖြင့် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးမြိုင် စက်မှုဇုန်ရှိ ဆိပ်ခံတံတားသို့ ထွက်ခွာ၍ တံတားတွင် ရပ်နားထားသော စက်လှေ (၂) စီးဖြင့် အပေါ့စား မီးသတ်စက်နှင့် Foam ဆေးရည်ပုံးများ တင်ဆောင်ပြီး ရေကြောင်းရဲတပ်ဖွဲ့စု (မြိတ်) မှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၂၈ မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်း၊ မီးလောင်ဆုံးရှုံးမှုတန်ဖိုးကို တာဝန်ရှိသူများက စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ထူး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)