လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ရက်(၁၀၀)အထူးစီမံချက်ဖြင့် အိမ်ထောင်စုလူဦး‌‌ ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ရက်(၁၀၀)အထူးစီမံချက်ဖြင့် အိမ်ထောင်စုလူဦး‌‌ ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်



လှိုင်သာယာ(အနောက်)   ၊    ဧပြီ  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် အထူးစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အသက်(၁၀)နှစ်ပြည့် နိုင်-၃(က) နှင့် အသက်(၁၈)နှစ်ပြည့် နိုင်-၆(က)များ ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းကလှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်သည်။အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှလဝကမှူး ဦးချစ်စိန် ဦးဆောင်၍ လဝကဝန်ထမ်းများလိုက်ပါလျက်၊ ရပ်/ ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများက ရပ်ကွက်အတွင်း နေထိုင်ကြသော ပြည်သူများအား အသက်(၁၀)နှစ်ပြည့် နိုင်-၃(က)နှင့် အသက်(၁၈)နှစ်ပြည့် နိုင်-၆ (က)များ ပြုလုပ်ပေးခြင်းနှင့် BIO စစ်ဆေးခြင်း၊ ရိုက်‌‌ပေးခြင်းများကို မြေပြင်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ယင်းသို့ ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်များသို့ ဆက်လက် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)