အုတ်ဖို ၊ ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့၊ ရွာသစ်ရပ်ကွက်၊ ကျောင်းကြီးကျောင်းဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာဝန်ထမ်းများက ရွာသစ်ရပ်ကွက်အတွင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ရက်(၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းကူညီ ဆောင်ရွက်သည်။
အုတ်ဖိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို သက်ဆိုင်ရာမြို့နယ်ရုံး၌ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသလို ယခုအခါနိုင်ငံတော် အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။
အောင်သူ(အုတ်ဖို)
https://t.me/MyanmarNationalPost
No comments:
Post a Comment