နေပြည်တော်၊ ဧပြီ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်းကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှု့ဖွံဖြိုးရေးဌာနခွဲ က "ပျားမွေးမြူရေးပြည်သူပညာပေးသင်တန်း"ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ၂၅.၄.၂၀၂၆ စနေနေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
ဒေသခံတောင်သူများအား ပျားမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာများ မျှဝေပေးသွားရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။ ပညာပေးသင်တန်းကို ၂၅-၄-၂၀၂၆မှ ၂၉-၄-၂၀၂၆ထိ (၄)ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MNP #News






No comments:
Post a Comment