ဒုတိယဝန်ကြီး ဦးမျိုးမြင့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမုခ်ဦး အဝင်လမ်း၊ ရေမြောင်း၊ ပလက်ဖောင်းနှင့် မြေယာရှုခင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမုခ်ဦး အဝင်လမ်း၊ ရေမြောင်း၊ ပလက်ဖောင်းနှင့် မြေယာရှုခင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဧပြီ ၂၅

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ၊ ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမုခ်ဦးအဝင်လမ်း၊ ရေမြောင်း၊ ပလက်ဖောင်း၊ မြေယာရှုခင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) က ဆက်လက်ဆောင်ရွက်မည့် မြို့ပြ/ ရေသန့်/ လျှပ်စစ်လုပ်ငန်းအစီအစဉ်များ၊ JICA အဖွဲ့အစည်းနှင့် တည်ဆောက်ရေးလုပ်ငန်းပစ္စည်းများ လွှဲပြောင်းလက်ခံဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အသေးစိတ်တို့ကို ရှင်းလင်းတင်ပြရာ အဆောက်အအုံ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဆေးရုံအဆောက်အအုံဆိုင်ရာ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ဓာတ်ရောင်ခြည် လုံခြုံမှုအပါအဝင် အဆောက်အအုံအရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်သွားရန်၊ လက်ရာသေသပ်ကောင်းမွန်စေရန် တာဝန်ရှိသူများ က အနီးကပ်ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အချိန်မီပြီးစီးအောင် အလေးထား ဆောင်ရွက်ပေးသွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက နှလုံး၊ ဦးနှောက်နှင့် အာရုကြောလူနာရှင်များအတွက် နိုင်ငံတကာစံနှုန်းများ နှင့်အညီ အကောင်းဆုံးကုသမှုပေးနိုင်မည့် ဆေးရုံ သစ်ကြီးဖြစ်လာမည်ဖြစ်၍ အချိန်မီပြီးစီးအောင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်း၍ ဆောင်ရွက်သွားရန်မှာကြားပြီး လုပ်ငန်းဆောင်ရွက် နေမှုကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမုခ်ဦးနှင့် မုခ်ဦးအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ ရေမြောင်း/ပလက်ဖောင်းပြုလုပ်ခြင်း၊ ရေထုတ်မြောင်း၊ လမ်းဆေးအမှတ် အသားများရေးဆွဲခြင်းနှင့် စိန်ရတုခန်းမအဝင်၊ အထွက် လမ်းဝဲ/ယာ မြေယာရှုခင်းဆောင်ရွက်ခြင်း လုပ်ငန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မုခ်ဦး အဝင်သံပန်းတံခါးနှင့် ဝင်ပေါက်ဝဲ/ယာတွင်လည်း မြေယာရှုခင်းလုပ်ငန်းများ ဆောင်ရွက်ထားရန်၊ လမ်းများခင်းရာတွင်လည်း သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များနှင့်အညီ ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)