အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးစိုးသိန်း တာဝန်ယူမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးစိုးသိန်း တာဝန်ယူမည်


ရန်ကုန်၊ ဧပြီ ၈

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးစိုးသိန်းအပါအဝင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းတင်သွင်းမှုကို ဧပြီ ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်ခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ်ဖွဲ့စည်း၍ အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦးဖြစ်သည့် ဦးစိုးသိန်း၊ ဦးကျော်ဝင်းသိန်း၊ ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင်သုံးဦးဖြစ်သည့် ဒေါက်တာထွန်းထွန်းဦး၊ ဦးလွန်းဘော်၊ ဦးကျော်စိုးညွန့်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင်သုံးဦးဖြစ်သည့် ဦးတိုးရီ၊ ဦးတင်အောင်ဝင်း၊ ဦးမင်းဟန် ပေါင်းကိုးဦး၏ အမည်စာရင်းအား ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်သို့ အသိပေးခဲ့သည်။

အဆိုပါကိုးဦးအနက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ထားသည့် ဦးစိုးသိန်းအား ကော်မရှင်ဥက္ကဌအဖြစ်တာဝန်ပေးအပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ်ဖွဲ့စည်းရန်နှင့် ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးစိုးသိန်းအား ခန့်အပ်တာဝန်ပေးအပ်ရန် တင်ပြမှုအပေါ် ကန့်ကွက်လိုသူရှိက ဆွေးနွေးခြင်းနှင့် ကန့်ကွက်သူမရှိပါက ခန့်အပ်ရန်သဘောတူကြောင်း ကြေညာခြင်းတို့ကို ဧပြီ ၉ ရက်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြုလုပ်မည်ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ရန် အမည်စာရင်းတင်သွင်းခံရသည့် ဦးစိုးသိန်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)