မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ နာမည်ကောင်းဖြင့် ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ ဥပဒေစိုးမိုးရေး ဆောင်ရွက်ရာမှာ လက်သံပြောင်သူအဖြစ် အသိအမှတ်ပြုထားကြပါတယ်။
ဦးအောင်နိုင်သူ (၂၄ ဒီဇင်ဘာ ၁၉၆၃ ဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရသူ ဖြစ်သည်။ ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။
ဦးအောင်နိုင်သူသည် ၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲ တွင် ဒုရဲချုပ်(၂) မှ နှုတ်ထွက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ကိုကိုးကျွန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ယခင်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးတင်ဝင်း၏ နေရာ၌ အစားထိုးဝင်ရောက် ရွေးကောက်ခံခဲ့ခြင်းဖြစ်သည်။
ကိုကိုးကျွန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တွင် ၎င်းသည် ခိုင်လုံမဲစုစုပေါင်း ၁,၄၄၅ မဲ ရရှိခဲ့ပြီး၊ ယင်းမှာ မဲပေးသူအရေအတွက်၏ ၉၄.၈၂% ဖြစ်သည်။
၂၀၂၆ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ကျင်းပသော (တတိယအကြိမ်) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ဦးအောင်နိုင်သူအား ရန်ကုန်တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် အဆိုပြုတင်သွင်းခဲ့သည်။ ၎င်းသည် ရဲဗိုလ်ချုပ် (ငြိမ်း) အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦး ဖြစ်သည်။
၎င်းသည် မန္တလေးတက္ကသိုလ်မှ ပထဝီဝင်ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ (M.A.) ကို ရရှိခဲ့သည်။ ယင်းနောက် ဘွဲ့ရ ဒုရဲအုပ်လောင်း အပတ်စဉ် (၁၇)သို့ တက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း ရဲဗိုလ်ချုပ် အထိ ရာထူးတက်ခဲ့သူဖြစ်သည်။ ရဲသူရိန်ဘွဲ့၊ စီမံထူးချွန်တံဆိပ် (ပထမအဆင့်)၊ စီမံထူးချွန်တံဆိပ် (တတိယအဆင့်) တို့ကို ရရှိခဲ့သည်။
ဦးအောင်နိုင်သူသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးစိုးသိန်း တာဝန်ယူခဲ့တဲ့ နေရာကို ဆက်ခံသူဖြစ်လာပါတယ်။ ဦးစိုးသိန်း တာဝန်ယူဆောင်ရွက်နေစဉ်မှာလည်း မြို့ရွာအေးချမ်းသာယာရေးကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ ဦးအောင်နိုင်သူ သည်လည်း တရားဥပဒေစိုးမိုးရေးကို အလေးထားသူဖြစ်လို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပေါ်နေတဲ့ တရားမဲ့ လုပ်ရပ်တွေကို ထိန်းကျောင်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရပါတယ်။
#MNP #News

No comments:
Post a Comment