ပြည်ပြေး ဝရမ်းပြေးများ စုဖွဲ့ထားသည့် NUG အကြမ်းဖက်အဖွဲ့က ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လှုပ်ရှားမှု ပြုလုပ်ရန် အလှူငွေ ကောက်ခံနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေးများ စုဖွဲ့ထားသည့် NUG အကြမ်းဖက်အဖွဲ့က ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လှုပ်ရှားမှု ပြုလုပ်ရန် အလှူငွေ ကောက်ခံနေ



ရန်ကုန်၊ ဧပြီ ၈

ပြည်သူများထံမှ အလှူခံပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွားကို သတ်ဖြတ်ခဲ့သည့် NUG အကြမ်းဖက်အဖွဲ့က ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လှုပ်ရှားမှု ပြုလုပ်ရန် အလှူခံနေသည်ကို တွေ့ရသည်။

မဲလိမ်မဲခိုးရာမှာ အာဏာလက်မဲ့ ဖြစ်ပြီး အကြမ်းဖက်လမ်းစဉ်နောက်လိုက်ခဲ့ကြသည့် ပြည်ပြေး ဝရမ်းပြေးများမှာ တာဝန်ယူမှု တာဝန်ခံမှုမရှိ လူငယ်များကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး ဒေသတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြသည်။

ပြည်ပြေး ဝရမ်းပြေးများ၏ နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ခဲ့ကြသည့် လူငယ်တချို့မှာ အသိမှန် အမြင်မှန်ရပြီး တပ်မတော်နှင့် ဆက်သွယ်ကာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြပြီ ဖြစ်သော်လည်း အချို့သော ဒေသများတွင် အကြမ်းဖက်နှိမ်နင်းရေး အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် မိသားစုဝင်များ သေဆုံးခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်နေကြရသူများလည်း ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်ရန် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က အစဉ်တစိုက် လှုံ့ဆော်လျက်ရှိသော်လည်း ဒေသခံများက အကြမ်းဖက်သမားများကို အယုံအကြည်မရှိခြင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားခြင်းကြောင့် အကြမ်းဖက်လုပ်ရပ်များ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာခြင်း မရှိသေးပေ။

NUG အကြမ်းဖက်အဖွဲ့က ဧရာဝတီတိုင်းဒေသကြီးအတွင်း ထိုးဖောက်ဝင်ရောက်နေသော ၎င်းတို့၏ လက်ပါးစေ အကြမ်းဖက်သမားများအတွက် တတပ်တအား ပါဝင်ပေးကြရန် နီပိန်းများကို လှုံ့ဆော်ထားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)