ဧပြီ - ၂၂ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးလိုက်ပါတယ်။ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးက ဗုဒ္ဓဟူးနေ့( ဒီကနေ့)တွင် သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမဲ့ သက်တမ်းမကုန်ဆုံးမီ နာရီပိုင်းအလိုတွင် အဆိုပါ ကြေညာချက်ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အီရန်နဲ့ သဘောတူညီချက်တစ်ခုပြုလုပ်ရန် တွန်းအားပေးဖို့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန် ရေတပ်ရဲ့ ပိတ်ဆို့မှုကို ဆက်လက်ထိန်းသိမ်းထားမယ်လို့ ဆိုလိုက်ပါတယ်။ "ပိတ်ဆို့တားဆီးမှုကို ဆက်လက်လုပ်ဆောင်ရန် ကျွန်ုပ်တို့ရဲ့စစ်တပ်အား ညွှန်ကြားထားပါတယ်။ စစ်ရေးနဲ့ ပတ်သက်ပြီး အခြားကဏ္ဍအားလုံးကိုလည်း အသင့်ရှိထားခိုင်းထားပါတယ်။ ဒါကြောင့် ၎င်းတို့၏ အဆိုပြုချက်တင်သွင်းတဲ့ အချိန်အထိ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးမည်ဖြစ်ပြီး ဆွေးနွေးမှုများကို တစ်နည်းမဟုတ်တစ်နည်း အဆုံးသက်ဖို့ လုပ်နေပါတယ်"လို့ ထရမ့်က ၎င်းရဲ့ ထရုသ်ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။
အင်္ဂါနေ့အစောပိုင်းတွင် ဒုသမ္မတ ဂျေဒီဗန့်စ်၊ ထရမ့်ရဲ့သံတမန် စတိဝစ်ကော့ဖ် နဲ့ ဂျာရက်ကတ်ရှ်နာ တို့က ပါကစ္စတန်နိုင်ငံ ကို အီရန်နဲ့ဆွေးနွေးဖို့ ရောက်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အီရန်ဘက်က အမေရိကန်အနေနဲ့ အီရန်အပေါ်ကို အနိုင်ကျင့်မှုတွေ လုပ်နေသမျှ ဆွေးနွေးမှုတွေကို မလုပ်နိုင်ဘူးလို့ ပြောလာတဲ့အတွက် ခရီးစဉ်ကို ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
အမေရိကန်ဘက်ကတော့ ရေလက်ကြားကို ပိတ်ဆို့မှု ရုတ်သိမ်းမှာမဟုတ်ကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။ ထရမ့်က "ကျနော်တို့က အီရန်ကိုတိုက်ခိုက်မှုတွေ မလုပ်မချင်း သဘောတူညီချက်က ဘယ်တော့မှ ရမှာ မဟုတ်ဘူး"လို့ ပြောလာသလို အီရန်ဘက်ကလည်း လာမယ့်စစ်ပွဲတွေအတွက် သူတို့ဝှက်ထားတဲ့ ဖဲချက်အသစ်တွေကို ထုတ်ပြမယ်လို့လည်း ဆိုလာပါတယ်။ အမေရိကန်၏ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမှုကို အီရန်တာဝန်ရှိသူများက တရားဝင်တုံ့ပြန်ခြင်း မရှိသေးပါဘူး။
REF: RT
#MNP #News

No comments:
Post a Comment