ပြည်ကြီးတံခွန် ၊ ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပူပြင်းခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိလာ ပြီဖြစ်ပါသဖြင့်မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ယနေ့ နံနက်ပိုင်းက ရပ်ကွက်လူနေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ မီးသတ်စခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်သည်။စစ်ဆေးဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေ တပ်ဖွဲ့၀င် ရှစ်ဦး၊ အရန်တပ်ဖွဲ့င် ၅၀ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များပူးပေါင်း၍ သင်ပန်းကုန်းရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ (ဃ)ရပ်ကွပ်အရန်မီးသတ် စခန်းအား စစ်ဆေးခြင်း၊ စုစည်းချမ်းသာ(လှိုင်းတွန့်)ဂျပ်ပုံးစက်ရုံအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ စက်ရုံအတွင်း တပ်ဆင်ထားသော ကြိုတင်ကာကွယ်ရေးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခြင်း၊ 191 report application ထည့်သွင်းပေးခြင်းတို့အား တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်၀င်းထွန်းမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇင်မင်းမောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment