ပုသိမ်ကြီး ၊ ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ ဦးထွန်းကို(ဘ) ဦးစိန်မောင် ပိုင်ဆိုင်သော(၄၀-၂၀) ပေ၊ သွပ်မိုး၊ ထရံကာ၊ တစ်ထပ်၊ ပစ္စည်းအဟောင်းများထားသော အဆောက်အဦ၌ ယနေ့ ည ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါအဆောက်အဦအတွင်း CNJ အမျိုးအစား သစ်သားကြိုးထိုးစက်၏ မိန်းပလပ်ခုံ အပူလွန်ကဲရာမှ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ (၄၀-၂၀)ပေ သွပ်မိုး၊ ထရံကာ မြေစိုက်အဆောက်အဦတစ်လုံး၊ CNJ အမျိုးအစား သစ်သားကြိုးထိုးစက် တစ်လုံး ဆုံးရှုံးခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဥ် (၂)စီး၊ မီးသတ်ရေယာဥ် (၂)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ ၁၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ ၃၀ ဦးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ ၁ နာရီခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၁-၅၀ နာရီအချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့၍ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပြီး မီးပေါ့ဆစွာ သုံးစွဲသူအား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မေဝတီ
https://t.me/MyanmarNationalPost
No comments:
Post a Comment