ကော့သောင်းမြို့နယ်အတွင်းရှိ စာအုန်းဆီ လက်လီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့နယ်အတွင်းရှိ စာအုန်းဆီ လက်လီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

 


ကော့သောင်း ၊  ဧပြီ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း စားသုံးသူပြည်သူများအား စားအုန်းဆီ လက်လီဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဧပြီလ(၂၄)ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အလေးချိန် မှန်ကန်မှုရှိ/မရှိ၊ခွဲဝေရရှိသည့် စားအုန်းဆီများကို ပြည်သူများထံ အပြည့်အဝ ရောင်းချမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။ ကော့သောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် လက်ကားကိုယ်စားလှယ်တစ်ဦး၊ လက်လီကိုယ်စားလှယ် (၂၅) ဦးမှ တစ်လလျှင် စားအုန်းဆီ (၆၀)တန်၊ (၃၃၄)ပေပါကို ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဧပြီ (၂၀) ရက်နေ့မှ (၂၅) ရက်နေ့အတွင်း လက်လီတစ်ပိဿာလျှင် (၇၈၆၀) ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)