ဧပြီ - ၂ ( ကြာသပတေးနေ့ )
အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် ဆက်နွှယ်နေတဲ့ ပစ္စည်းပြတ်လပ်မှုနှင့် ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာ ခြင်းကြောင့် အိန္ဒိယက ကွန်ဒုံလုပ်ငန်းကြီးတစ်ခုသည် အကြီးအကျယ် အနှောင့်အယှက်များနဲ့ ရင်ဆိုင်နေရပြီး ထုတ်လုပ်မှုကို ရပ်လိုက်တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
အိန္ဒိယနိုင်ငံက နှစ်စဉ် ကွန်ဒုံး ၆ ဘီလီယံကျော် ထုတ်လုပ်နေပြီး ကန်ဒေါ်လာ သန်း ၈၆၀ ပမာဏ အထိ ဝင်ငွေ မြင့်မားပါတယ်။ အဲ့ဒိလုပ်ငန်းတွေက ကုန်ကြမ်းကို ဆီလီကွန်ဆီနှင့် အမိုးနီးယား ထောက်ပံ့မှုအပေါ် မှီခိုနေရပါတယ် ။
အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်သည် ဟော်မုဇ် ရေလက်ကြားကို သင်္ဘောအများစုအား ပိတ်လိုက်ချိန်မှစ၍ ရေနံဓာတုအခြေခံပစ္စည်းများအတွက် ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်ခဲ့ပြီး ဆီလီကွန်ဆီ “အဆမတန်ပြတ်လပ်မှု” နဲ့ အမိုးနီးယားဈေးက ၅၀ % အထိ စျေးနှုန်းများ မြင့်တက်လာခဲ့ပါတယ်။
မွမ်ဘိုင်းနှင့် နယူးဒေလီတို့လို မြို့ကြီးများက ဆေးဆိုင်များတွင်ပစ္စည်း ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရပါတယ်။ အိန္ဒိယသည် ၂၀၂၄ ခုနှစ်တွင် ကွန်ဒုံး ၆.၄ ဘီလီယံ ထုတ်လုပ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု၏ ၁၇ % နီးပါးရှိကြောင်း Index Box ရဲ့ အချက်အလက်များအရ သိရပါတယ်။
ရေနံအကျပ်အတည်းကြောင့် လေကြောင်းလိုင်းများအတွက် လေကြောင်းလောင်စာဆီ ဈေးနှုန်းများ မြင့်တက်စေခဲ့ကြောင်း အိန္ဒိယ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။ လေယာဉ်ဆီဈေးနှုန်းများက ဧပြီလ ၁ ရက်နေ့အထိ စံချိန်တင် ၂,၂၂၄ ဒေါ်လာအထိ နှစ်ဆတိုးလာခဲ့ပြီး ပြည်တွင်းနဲ့ နိုင်ငံခြားလေကြောင်းလိုင်းများက လက်မှတ်တွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ပေးဆောင်ရမယ်လို့ သိရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment