ထရမ့်က နေတိုးမဟာမိတ်တွေကို ဟောမုဇ်ကိုသွားပြီး ရေနံတွေ ယူကြရအောင်ဆိုပြီး တိုက်တွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်က နေတိုးမဟာမိတ်တွေကို ဟောမုဇ်ကိုသွားပြီး ရေနံတွေ ယူကြရအောင်ဆိုပြီး တိုက်တွန်း


ဧပြီ - ၂ ( ကြာသပတေးနေ့ ) 

အရှေ့အလယ်ပိုင်းကနေ ရေနံဝယ်တဲ့ နိုင်ငံတွေအားလုံးကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က  အီရန်ရဲ့ သင်္ဘောအားလုံးလည်းထွက်လို့မရအောင် ဟောမုဇ်ရေလက်ကြားကို အင်အားသုံးပြီး ဝိုင်းပိတ်ဆို့ပေးကြဖို့အတွက်  တိုက်တွန်းလိုက်ပါတယ်။

နေတိုးအဖွဲ့ဝင်တွေက အရှေ့အလယ်ပိုင်းဒေသတွင်းသို့ စစ်သင်္ဘောများ စေလွှတ်ရန် ငြင်းဆန်ပြီးနောက် သူတို့ကို ဒေါ်နယ်ထရမ့်က လူယုတ်မာတွေလို့ စွပ်စွဲခဲ့ပြီး ရက်သတ္တပတ် အကြာမှာ သူက အထက်ပါအတိုင်း မနေ့က ပန်ကြားလိုက်တာပဲ ဖြစ်ပါတယ်။  "လောင်စာမရရှိနိုင်သောနိုင်ငံများအတွက်ပါ။ အဲ့ဒါတွေက အီရန်ရဲ့ခေါင်းပုံဖြတ်မှုကို ခံနေရတာပါ။ ပါဝင်ရန်ငြင်းဆန်သောနိုင်ငံတွေအနေနဲ့ နှောင့်နှေးနေတဲ့ သတ္တိအချို့ကို တည်ဆောက်ပါ၊ ရေလက်ကြားကိုသွားပါ၊ ရေနံတွေကိုယူပါ။ ကျနော်တို့ရမယ့်ရေနံတွေကို ကာကွယ်ပါ" လို့ Trump ကပြောကြားခဲ့ပါတယ်။ 

 အမေရိကန်သည် အီရန်ရဲ့အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ကို ဖြတ်တောက်ပြီး သူတို့ရဲ့ဒရုန်းတွေ၊ ဒုံးကျည်တွေရဲ့ စွမ်းရည်များကို သိသိသာသာ ဖြတ်တောက်ထားနိုင်ပြီဖြစ်လို့ ရေလက်ကြားကို လုံခြုံစေရန် ဝိုင်းလုပ်ကြရရင် လွယ်သွားမယ်လို့ ပြောပါတယ်။  

ထရမ့်က သူ့မိန့်ခွန်းထဲမှာ လာမည့်နှစ်ပတ်မှ သုံးပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်မယ်လို့ ပြောပြီး သူ့ရဲ့တောင်း ဆိုချက်တွေကို အီရန်ဘက်က ငြင်းဆိုပါက ဆက်ပြီးတော့ စစ်တိုက်သွားဦးမယ်လို့လည်း ပြောပါတယ်။  အီရန်တာဝန်ရှိသူတွေကတော့ စစ်ပွဲကို သူတို့ရပ်ချင်တဲ့အချိန်ကျမှ ရပ်မယ်လို့ ပြောခဲ့ပြီး အမေရိကန်- အီရန်ညှိနှိုင်းမှုတွေ လုပ်ခဲ့စဉ်တုန်းက အမေရိကန်ဘက်က အရင်ချိုးဖောက်ခဲ့တာလို့ ပြောသွားပါတယ်။ 


REF: RT             

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)