လွိုင်ကော် ၊ ဧပြီ ၂၇
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ KG နှင့် Grade 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ကို ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပြည်နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။ဦးစွာ အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ပြည်နယ်အတွင်းမှာရှိသည့် ကလေးသူငယ်များ၏ အနာဂတ်ပညာရေး အုတ်မြစ်ခိုင်မာစေရန်အတွက် KG နှင့် Grade 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ကို ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပြည်နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မူကြိုတွင် ကစားရင်းသင်ယူခဲ့သည့် ကလေးများအနေဖြင့် KG နှင့် Grade ကို ရောက်သည့်အချိန်တွင် ပတ်ဝန်းကျင်အသစ်နှင့် သင်ယူမှုပုံစံအသစ်များကြောင့် အခက်အခဲမဖြစ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ဆက်လက်၍ သင်တန်းကြီးကြပ်ဆရာမကြီးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို အခြေခံပညာနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းကို (၁၀) ရက် ကြာဖွင့်လှစ်သွားမည်ဖြစ်ရာ KGနှင့် Grade 1 သင်ဆရာ၊ ဆရာမ (၉၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒေါ်ဒဲမြာ
https://t.me/MyanmarNationalPost
No comments:
Post a Comment