တတိယအကြိမ်မြောက် မြန်မာနှစ်သစ်ဦး ဓမ္မပူဇာအထူးတရားပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တတိယအကြိမ်မြောက် မြန်မာနှစ်သစ်ဦး ဓမ္မပူဇာအထူးတရားပွဲ ကျင်းပ












ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဧပြီ ၂၅

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ လောင်းလုံလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အမှတ်(၂၅)ရပ်ကွက်လုံးဆိုင်ရာ "တတိယအကြိမ်မြောက် မြန်မာနှစ်သစ်ဦးဓမ္မပူဇာ အထူးတရားပွဲ" ကို ယနေ့(၂၅,၄,၂၀၂၆)ရက်နေ့(၁၉း၀၀)အချိန်မှစ၍ ကျင်းပခဲ့သည်။

နိကာယ်ငါးရပ် ပိဋကသုံးပုံစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါဠိပါရဂူ ဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ(မော်ကျွန်း)ဆရာတော်မှ "ခန္ဓာအိမ်မှ အနှစ်ထုတ်ကြ"တရားတော်ကို ချီးမြှင့်ဟောကြားတော်မူခဲ့ပြီး တရားပွဲဖြစ်မြောက်ရေးအဖွဲ့၏ မတည်အလှူငွေ၊ တစ်ဦးချင်းအလှူငွေများနှင့် ကြွရောက်လာကြသော တရားနာပရိတ်သတ်များ၏ အလှူငွေစုစုပေါင်း ၃,၂၆၀,၀၀၀ိ/(သုံးဆယ်နှစ်သိန်းခြောက်သောင်းကျပ်တိတိ)နှင့် သင်္ကန်းခြင်း(၂)ခြင်းတို့အား လှူဒါန်းခဲ့ကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး တရားပွဲ(ပထမ)ည အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)