ဒီမိုကရက်တွေက ထရမ့်ကို တရားစွဲဖို့ပြင်နေကြပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒီမိုကရက်တွေက ထရမ့်ကို တရားစွဲဖို့ပြင်နေကြပြီ


ဧပြီ - ၂ ( ကြာသပတေးနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့သမ္မတလုပ်ပိုင်ခွင့် အမိန့်နဲ့  စာတိုက်မဲများဖြင့် မဲပေးခြင်းကို တားမြစ်ပိတ်ပင်ရန် ကြိုးပမ်းလျက်ရှိပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲဆန္ဒရှင်အရည်အချင်းကို ဆုံးဖြတ်ပိုင်ခွင့်အာဏာက ပြည်နယ်များနဲ့ ကွန်ဂရက်လွှတ်တော်မှာပဲရှိပြီး သမ္မတကို မပေးထားဘူးလို့ ဒီမိုကရက်တွေက ဆိုလာပါတယ်။ 

ထရမ့်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိစစ်ပြီး အရည်အချင်းပြည့်မီသော မဲဆန္ဒရှင်စာရင်းကို ဖန်တီးရန် နဲ့  အီးမေးလ်ဖြင့် မဲပေးခြင်းကို ကန့်သတ်ရန် အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဆိုပါ တိုင်းတာမှုတွင် ပြည်နယ်အလိုက် မဲဆန္ဒရှင်စာရင်းများကို စုစည်းရန် ပြည်ထောင်စုအေဂျင်စီများကို ညွှန်ကြားထားပြီး ပြည်နယ်တစ်ခုစီတွင် မဲပေးရန် အရည်အချင်းပြည့်မီသော အမေရိကန် နိုင်ငံသားများ၏ ဒေတာဘေ့စ်များ တည်ဆောက်ရန် အမိမြေလုံခြုံရေးဌာနကိုလည်း ညွှန်ကြားထားပါတယ်။

“သမ္မတ ထရမ့် ပါတီ အသာစီးရရန်အတွက် ရွေးကောက်ပွဲ စည်းမျဉ်းများကို ပြန်လည်ရေးသားရန် အကြိမ်ကြိမ် ကြိုးစားခဲ့တယ်”လို့  ဒီမိုကရက်တွေက ဆိုလာပါတယ်။ အော်ရီဂွန်နှင့် အရီဇိုးနားရှိ ထိပ်တန်းရွေးကောက်ပွဲ အရာရှိများက ထရန့်ရဲ့အမိန့်လက်မှတ်ရေးထိုးပြီး မိနစ်ပိုင်းအတွင်း တရားစွဲမည်ဖြစ်ကြောင်း ပြောကြားပြီး ၎င်းသည် ရွေးကောက်ပွဲဆိုင်ရာ ပြည်နယ်များရဲ့ အခွင့်အာဏာအပေါ်  ဖက်ဒရယ်ပြည်ထောင်စုက လွှမ်းမိုးဖို့ ကြိုးစားမှုဖြစ်ကြောင်း ပြောသွားပါတယ်။ 

"ကျွန်တော်တို့ ဝါရှင်တန်ဒီစီက လာတဲ့ အမိန့်တွေ မလိုအပ်ပါဘူး" လို့ အော်ရီဂွန် နိုင်ငံခြားရေးဝန်ကြီး တိုဘီယက်ရက်ဒ် က ပြောကြားခဲ့ပြီး "ငါတို့ တရားရုံးမှာ တွေ့မယ်" လို့ ဆိုပါတယ်။  ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆန် ကတော့ သူ့ပြည်နယ်အနေနဲ့ အရေးယူ ဆောင်ရွက်မှုကို စိန်ခေါ်ရန် အလျင်အမြန် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ "သမ္မတက ကျနော်တို့ရဲ့ ဒီမိုကရေစီမှာ အမေရိကန်များ ပါဝင်နိုင်တာကို ကန့်သတ်လိုက်တာပါ။ သူ နဲ့ ကျနော် ကယ်လိုဖိုးနီးယား ပြည်နယ်တရားရုံးမှာ တွေ့ ရတော့မယ်” လို့ ပြောပါတယ်။


REF: RT   

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)