ဧပြီ - ( ၂ ) ကြာသပတေးနေ့
အီရန်ရဲ့ဒုံးတွေကို ကြားဖြတ်ဟန့်တားဖို့အတွက် အမေရိကန်လုပ် ပတ်ထရီရော့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်များကို အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့ပေးမှာ မဟုတ်ဘူးလို့ ပိုလန်ကာကွယ်ရေးဝန်ကြီး ဝါလေဒီစလော က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပင်တဂွန်တွင် လက်နက်များ အကန့်အသတ်မရှိ သိုလှောင်ထားတယ်လို့ အသေအချာ ပြောထားပေမဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ စစ်ပွဲ ၂ပတ်ကျော်ပြီးနောက်ပိုင်းမှာ အီရန်ရဲ့တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို မတားဆီးနိုင်တော့ပါဘူး။
အင်္ဂါနေ့က ပိုလန်သတင်းစာ တစ်စောင်က အမေရိကန်သည် ပိုလန်ရှိ ပတ်ထရီးရော့စနစ် အနည်းဆုံး နှစ်ခုကို ငှားရန် တောင်းဆိုထားပြီး ယခင်က ရောင်းချထားတဲ့ PAC-3 MSE ဒုံးကျည်များကိုလည်း အီရန်နဲ့ စစ်ပွဲမှာ သုံးဖို့ ပြန်လည်ရောင်းချပေးဖို့အတွက် တောင်းဆိုထားပါတယ်။
"ကျနော်တို့မှာရှိတဲ့ ပတ်ထရီးရော့ စနစ်တွေက ပိုလန်လေပိုင်နက်နဲ့ နေတိုးရဲ့ အရှေ့ဘက်ခြမ်းကို ကာကွယ်ဖို့အတွက် အသုံးပြုဖို့ တပ်ဆင်ထားတာပါ။ ဒါတွေကို နေရာပြောင်းဖို့ အစီအစဉ်မရှိပါဘူး။ ကျနော်တို့ရဲ့ မဟာမိတ်အတွက် အဲ့ဒိလက်နက်တွေက အများကြီး အရေးကြီးတယ်ဆိုတာ သိပေမဲ့ ပိုလန်နိုင်ငံ လုံခြုံရေးကို ပဲ ဦးစားပေးရမှာပါ” လို့ ကာကွယ်ရေး ဝန်ကြီးက သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးတင်ထားပါတယ်။
အမေရိကန် - အီရန် စစ်ပွဲ စတင်ကတည်းက အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည်ခုနစ်ဦး သေဆုံးပြီး ၃၅၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ အီရန်ရဲ့ ဒုံးကျည်များနဲ့ ဒရုန်းများက တန်ဖိုးကြီးတဲ့ အမေရိကန် ရေဒါများနှင့် E-3 Sentry AWACS ကွပ်ကဲမှု နှင့် ထိန်းချုပ်ရေး လေယာဉ်အများအပြားကို ပျက်စီး သို့မဟုတ် ဖျက်ဆီးခဲ့ကြောင်း ဂြိုလ်တုဓာတ်ပုံနှင့် အခင်းဖြစ်ပွားရာနေရာမှ ရိုက်ကူးမှုများအရ သိရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment