ရန်ကုန်တိုင်းဒေသကြီး၌ မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၌ မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်





ရန်ကုန်၊ ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

ထိုသို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့ ၁၃၈၇ ခုနှစ်၊ ရန်ကုန်မြို့တော်မဟာသင်္ကြန်ဗဟိုဖျော်ဖြေရေး မဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဗဟိုမဏ္ဍပ်၌ ကျင်းပမည့် ယိမ်းအကပြိုင်ပွဲတွင် မူကြိုကျောင်းများက (၁၂) ဦးယိမ်း၊ ကျောင်းတွေက (၁၂) ဦး ယိမ်းနဲ့ (၁၆) ဦးယိမ်း၊ ရုံးနှင့် အခြားဌာနတွေက (၁၂) ဦးယိမ်းနဲ့ (၁၆) ဦးယိမ်း၊ အလွတ်တန်းအဖြစ် (၂၀) ဦးယိမ်း၊ ကျားအလွတ်တန်းအဖြစ် (၁၂) ဦးယိမ်းနဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများကို သီးခြားကျင်းပပေးမည်ဖြစ်ပြီး မဟာသင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေယှဉ်ပြိုင်မှုများ၊ စတုဒိသာဧည့်ခံကျွေးမွေးရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် စက်သုံးဆီသုံးစွဲမှုနှင့် ကုန်ကျစရိတ်များကို ချွေတာသည့်အနေဖြင့် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းတွင် လမ်းလျှောက်သင်္ကြန်၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၊ ဦးဝိစာရအဝိုင်းကနေ အလုံလမ်းတစ်လျှောက်၊ ခရိုင်နှင့် မြို့နယ်များတွင်လည်းကောင်း၊ လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။


အောင်မြင့် 

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)