တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပ



စစ်တွေ၊ ဧပြီ ၉

တတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့) စတင်ကျင်းပကြောင်းနှင့်အထမြောက်ကြောင်း ကြေညာသည်။ ယင်းနောက် တတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့)သို့ မတက်ရောက်နိုင်သော ကိုယ်စားလှယ်များအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူး ကျော်ဇေယျက ခွင့်ပန်ကြားကာ ပြည်နယ် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ထင်လင်းဦးက ရခိုင်ပြည်နယ် လွှတ်တော်၌ ဖွဲ့စည်းရန်လျာထားသည့် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီတို့တွင် ဖွဲ့စည်းတာဝန်ပေးအပ်မည့်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တို့၏ အမည်စာရင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့တင်ပြသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက အဆိုပါကော်မတီများတွင် ဖွဲ့စည်းတာဝန်ပေးအပ်မည့်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တို့၏ အမည်စာရင်းနှင့်ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက် ညနေ ၄ နာရီအချိန် နောက်ဆုံးထား၍  တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ရပ်နားကြောင်းနှင့် တတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ဧပြီ ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။


ဟန်ဝင်းအောင်၊ တင်ထွန်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)