ဧပြီ - ၉ ( ကြာသပတေးနေ့ )
ဟော်မုဇ်ရေလက်ကြားကို နိုင်ငံတကာ သင်္ဘောတွေ ဖြတ်သန်းရန် ပြန်ဖွင့်ဖို့ ပါဝင်တဲ့ ပါကစ္စတန်က ကြားဝင်စေ့စပ်ထားတဲ့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ သဘောတူပြီးနောက် ကမ္ဘာ့ရေနံဈေးတွေ ထိုးကျသွားပါတယ်။
ဘရန့်ရေနံစိမ်း နဲ့ ဝက်စ်တက္ကဆက် ရေနံ ဈေးတွေက အင်္ဂါနေ့ညနေခင်းမှာ အမေရိကန်သမ္မတ ထရမ့်ရဲ့ စေ့စပ်ညှိနှိုင်းမှု အောင်မြင်မှုများရရှိပြီးနောက် ဂဏန်းနှစ်လုံး ရာခိုင်နှုန်းကို ကျဆင်းသွားခဲ့ပြီး ဗုဒ္ဓဟူးနေ့အစောပိုင်း ကုန်သွယ်မှုတွင် တစ်စည်လျှင် ၉၅ဒေါ်လာခွဲ နဲ့ ဈေးဖွင့်သွားခဲ့ပါတယ်။
ပါရှန်ပင်လယ်ကွေ့တွင် ပိတ်မိနေတဲ့ ရေနံတင်သင်္ဘောများသည် နောက်ဆုံးတွင် အီရန်၊ ယူအေအီးနဲ့ အိုမန်ကြားရှိ ၂၁ မိုင်ကျယ်သော ရေပြင်ကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ အီရန်ရဲ့ ထိရောက်တဲ့ပိတ်ဆို့မှုကြောင့် ကမ္ဘာလုံး ဆိုင်ရာ ထောက်ပံ့မှုကို အနှောင့်အယှက်ဖြစ်ခဲ့ပါတယ်။ စစ်မဖြစ်မီ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရေနံတစ်စည်ဈေး ၇၂ ဒေါ်လာ ကို ပြန်ရောက်မရောက်ကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးက အခုထိရှုတ်ထွေးနေဆဲဖြစ်ပါတယ်။ အီရန်တောင်းဆိုတဲ့ အချက်၁၀ချက်မှာ လက်ဘနွန်ကို အစ္စရေးက မတိုက်ရဘူး လို့ ပါပေမဲ့ အစ္စရေး စစ်တပ်ကတော့ လက်ဘနွန်ကို လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်ဆက်လုပ်တုန်းပါပဲ။
REF: UPI
#MNP #News



No comments:
Post a Comment