ဆေးတက္ကသိုလ်(မန္တလေး) မှ CDM ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို Blacklist မှ ပျက်ဖျက်ပေးသည့် အခမ်းအနား ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆေးတက္ကသိုလ်(မန္တလေး) မှ CDM ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို Blacklist မှ ပျက်ဖျက်ပေးသည့် အခမ်းအနား ပြုလုပ်


မန္တလေး၊ ဧပြီ ၉

ဆေးတက္ကသိုလ် (မန္တလေး) ဇီဝက စာသင်ဆောင်၌ ယနေ့ နံနက်ပိုင်းက CDM ပြုလုပ်ခဲ့သည့် ဆရာဝန် နှင့် ကျန်းမားရေးဝန်ထမ်း ၃၅၄ ယောက်ကို Blacklist မှ ပယ်ဖျက်သည့် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

CDM ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လမ်းညွှန်ချက်များကို လိုက်နာပြီး ဆေးရုံများမှ စွန့်ခွါကာ ဆေးကုသမှုမပေးဘဲ နေခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၆၀၀၀ ခန့် သေဆုံးခဲ့ရပြီး PDF အကြမ်းဖက်အဖွဲ့များထံ ဆေးဝါးများ ပို့ဆောင်ပေးခြင်း၊ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ အခြေပြုရာ နေရာများတွင် ဆေးဝါးကုသမှု သွားရောက် ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယခုအခါ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့မှ CDM ဝန်ထမ်းများကို မျှော်လင့်ချက်အမှားများ ပေးခဲ့ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည်ကို သိရှိရပြီးနောက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လာသည်ကို တွေ့မြင်ရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)