မောက်မယ် ၊ ဧပြီ ၉
ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်များ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိအား တစ်အိမ်တက်ဆင်းလိုက်လံကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်၉နာရီက အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းမွေတော်ရပ်ကွက်ရှိ ဒေသခံပြည်သူများ၏နေအိမ်များ မီးဘေးအန္တရာယ်မဖြစ် ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီစနစ်တကျ ရှိစေရေး မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိတ်များနှင့် မီးသတ်ဆေးဘူးများ၊ ရေကန်များဖြည့်တင်းထား ရှိစေရေး၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ မီးဖိုဆောင်အတွင်း မီးဘေးလုံခြုံမှုရှိစေရေး၊ မီးဖိုဆောင်သုံးပစ္စည်းများ စနစ်တကျဆောင်ရွက်ထားရှိရန်၊ မိမိနေအိမ်ပတ်ဝန်းကျင်တွင် မီးလောင်လွယ်သော အမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများ စနစ်တကျ သန့်ရှင်းရေးများ ပြုလုပ်ထားရန် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment