ခိုလမ် ၊ ဧပြီ ၉
၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။
ခိုလမ်မြို့တွင် မဟာသင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပရေးအတွက် နှစ်စဉ်နှစ်တိုင်း ကျင်းပလာသည့် သင်္ကြန်ပွဲများ ထက်ထူးခြားလေးနက်သည့် အတာသင်္ကြန်ပွဲကို ကျင်းပပြုလုပ်နိုင် ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ (ဗဟို) သင်္ကြန်မဏ္ဍပ်ကို ကျိုင်းတောင်းလမ်းဆုံတွင် လည်းကောင်း၊ လမ်း လျှောက် သင်္ကြန်ကို တုန်ဟုန်းကျေးရွာအုပ်စု၊ တုန်ဟုန်းရေကန် အနီးတွင်လည်ကောင်း၊ ရပ်ကွက်များတွင် ရေကစားမဏ္ဍပ်များကို တည်ဆောက်လျက်ရှိကြောင်း၊ စတုဒိသာမဏ္ဍပ်များကို နှစ်စဉ်ကဲ့သို့ ဆောင်ရွက်မည်ဖြစ်ပြီး သင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်ရပြီး သရုပ်ပျက်ယဉ်ကျေးမှုမပါရှိစေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူများ ပျော်ရွှင်ချမ်းမြေ့ စိတ်လက်ပေါ့ပါးစွာ ပျော်ရွှင်မှုများဖြင့် ဖြတ်ကျော်ရန်လိုအပ်ကြောင်း၊ မြို့အတွင်းစက်သုံးဆီကိုအနည်းဆုံး ခြိုးခြံ ချွေတာနိုင်ရေးကို အလေးနက်ထားပြီး စီစဉ်ဆောင်ရွက်ထားရှိ ကြောင်း မြို့စိီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုးထံမှ သိရသည်။
ခိုလမ်မြို့အနေဖြင့် လမ်းလျှောက်သင်္ကြန်အပါအဝင် ဗဟိုမဏ္ဍပ်နှင့် အခြားသောမဏ္ဍပ်များ၊ ရပ်ကွက်ရေကစားမဏ္ဍပ်များအပါအဝင် ရေမပြတ်အောင်စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ဌာနဆိုင်ရာ ယိမ်းအ ဖွဲ့များက သက်ဆိုင်ရာ ရပ်ကွက်/ဌာနများ၌ အဖွဲ့အလိုက် ယိမ်းအကတိုက်ခြင်းများ ဆောင်ရွက်ထားရှိသည့်အပြင် နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲများ၊ သက်ကြီးပူဇော်ပွဲများ၊ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲများနှင့် ခိုလမ်မြို့၏ ထောင့်လေး ထောင့်တွင်လည်း အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
ကျော်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment