ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးတောင်သူများလက်ဝယ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ရောက်ရှိစေရေး ထောက်ပံ့ပေးခြင်းနှင့် အခွန်အခကောက်ခံခြင်းများကို တတ်နိုင်သမျှလျှော့ချပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးတောင်သူများလက်ဝယ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ရောက်ရှိစေရေး ထောက်ပံ့ပေးခြင်းနှင့် အခွန်အခကောက်ခံခြင်းများကို တတ်နိုင်သမျှလျှော့ချပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


နေပြည်တော်၊ ဧပြီလ ၁

စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က  စိုက်ပျိုးရေးလုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်သည့် ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးတောင်သူများလက်ဝယ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ရောက်ရှိစေရေးအတွက် ထောက်ပံ့ပေးခြင်းနှင့် အခွန်အခကောက်ခံခြင်းများကို တတ်နိုင်သမျှလျှော့ချပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စိုက်ပျိုးရေးလုပ်ငန်းများအတွက် သွင်းအားစုများဖြစ်သည့် ရေနှင့် ဓာတ်မြေဩဇာများ လိုအပ်သကဲ့သို့ လယ်ထွန်စက်များနှင့် ရေတင်စက်များအတွက်လည်း စက်သုံးဆီများ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေတင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ဓာတ်မြေဩဇာဈေနှုန်းများ မြင့်တက်လာမှုကြောင့် ဓာတ်မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် သဘာဝဓာတ်မြေဩဇာများကို ပိုမိုသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်သည့် ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးတောင်သူများလက်ဝယ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ရောက်ရှိစေရေးအတွက် ထောက်ပံ့ပေးခြင်းနှင့် အခွန်အခကောက်ခံခြင်းများကို တတ်နိုင်သမျှလျှော့ချပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးအတွက် အဓိကထားကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

ပြည်တွင်းစားသုံးဆီလိုအပ်ချက်အရ ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာ သုံးစွဲရလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွင်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် ဆီထွက်သီးနှံများဖြစ်သော နေကြာ၊ ပဲပုပ်နှင့် နှမ်းတို့ကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကအားဖြင့် နေကြာစိုက်ပျိုးထုတ်လုပ်ခြင်းကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှ စားသုံးဆီများတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတောင်သူများအတွက် လိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးသွားရန်လိုကြောင်း၊ နိုင်ငံတော်အပိုင်းမှ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသလို တောင်သူများဘက်မှလည်း အတတ်နိုင်ဆုံး ကုန်ထုတ်လုပ်မှုများ ပြုလုပ်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ပြည်တွင်းစက်သုံးဆီရှားပါးမှုအခက်အခဲကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ပနိုင်ငံများမှစက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖြစ်သည့် မီးရထား၊ သင်္ဘောနှင့် ဘတ်စ်ကားယာဉ်များအတွက် လိုအပ်သည့်စက်မောင်းဆီများအား လုံလောက်စွာရရှိရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)