အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ထရမ့်ကို အပြစ်တင်ဖို့ လွှတ်တော်မှာ စတင်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ထရမ့်ကို အပြစ်တင်ဖို့ လွှတ်တော်မှာ စတင်ပြီ


ဧပြီ - ၉ ( ကြာသပတေးနေ့ ) 

အမေရိကန်ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီ ကွန်ဂရက်လွှတ်တော်အမတ် ဂျွန်လာဆင် က အီရန်စစ်ပွဲနဲ့ ဆက်နွှယ်နေတဲ့ သမ္မတရဲ့လုပ်ရပ်အတွက် အမေရိကန်သမ္မတ ထရမ့်ကို စွပ်စွဲပြစ်တင်တဲ့ ပုဒ်မများ လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။  

ကွန်နက်တီကတ်ဒီမိုကရက်တစ်ပါတီမှ လာဆင်က ထရမ့်သည် “တရားမ၀င်စစ်ပွဲ” ဆင်နွှဲနေပြီး အမေရိကန်လုံခြုံရေးနှင့် အမေရိကန်ကို အသက်အန္တရာယ်ဖြစ်စေတဲ့ အီရန်အပေါ် ခြိမ်းခြောက်မှုများ တိုးမြင့်လုပ်ဆောင်နေတယ်ဆိုတဲ့ စွဲချက် ၁၃ ချက် တင်သွင်းခဲ့ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။ ထရမ့်ကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ အမေရိကန်က ပိုပြီး မတည်မငြိမ်ဖြစ်လာတယ်လို့ ဆိုပါတယ်။

"ဒေါ်နယ်ထရန့်ကို ရာထူးမှဖယ်ရှားရန် လိုအပ်ချက်တွေက များနေပါပြီ။ သူ့ကြောင့် အခြေအနေတွေက ပိုမိုဆိုးရွားလာနေပြီ" လို့ လာဆင် က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။  "ရေလက်ကြားကိုဖွင့်ပါ ... ဒါမှမဟုတ်ရင် မင်းတို့အားလုံးကို ငရဲကို ပို့ပစ်မယ်” နဲ့ စစ်ရာဇဝတ်မှု ဖြစ်လောက်တဲ့ အသုံးအနှုန်းတွေ နဲ့ ခြိမ်းခြောက်နေတာတွေကို လာဆင် က ထောက်ပြသွားပါတယ်။ ထရမ့်က ၎င်းရဲ့တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်ရန် "မတတ်နိုင် သို့မဟုတ် ဆန္ဒမရှိ" လို့လည်း ပြောပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)