အီရန်ရဲ့တောင်းဆိုချက်တွေကို အမေရိကန်ချိုးဖောက်တယ်
(အီရန်- အမေရိကန်စစ်ပွဲနောက်ဆုံးရသတင်းများ)
ဧပြီ - ၉ ( ကြာသပတေးနေ့ )
အီရန်ပါလီမန်ဥက္ကဋ္ဌ မိုဟာမက်ဂါလီဖက် က အမေရိကန်နှင့် အပစ်အခတ်ရပ်စဲရေး နဲ့ စေ့စပ်ညှိနှိုင်းမှုက ကျိုးကြောင်းဆီလျော်မှုမရှိဟု ပြောဆိုခဲ့ပြီး စစ်ပွဲအဆုံးသတ်ရန် အီရန်ရဲ့ တောင်းဆိုချက် ၁၀ ချက်ထဲကနေ ၃ ချက်ကို အမေရိကန်ဘက်က ချိုးဖောက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် ကတော့ အီရန်ရဲ့တောင်းဆိုချက်မူကြမ်းတွေကမှာ မတူညီတဲ့ အချက်၃ ချက်ကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပြီး အီရန်ရဲ့ ပထမမူကြမ်းက ChatGPT နဲ့ ရေးသားထားဖြစ်လို့ "နားလည်မှုလွဲမှားခြင်း" ကို ဖြစ်ပေါ်စေတာကြောင့် လက်မခံခဲ့တာလို့ ဆိုပါတယ်။
ပါကစ္စတန်မှတစ်ဆင့် ပေးပို့သော အီရန်ရဲ့ ဒုတိယမြောက် အဆိုပြုချက်အား စေ့စပ်ညှိနှိုင်းရန် လုပ်ဆောင်နိုင်သော အခြေခံအချက်ကို ကမ်းလှမ်းပြီးနောက် အမေရိကန်နှင့် အီရန်တို့က စစ်ပွဲများကို နှစ်ပတ်ကြာ ဆိုင်းငံ့ထားရန် သဘောတူညီခဲ့ကြပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ကို ပွဲစားလုပ်ပြီး ကြားခံစေ့စပ်မှုတွေ လုပ်ခဲ့တာကြောင့် သဘောတူညီမှုတွေကို ၂ ဖက်ချိုးဖောက်မှု အပြန်အလှန်ဖြစ်နေပါတယ်။
အစ္စရေးကတော့ လက်ဘနွန်မြို့တော် ဘေရွတ်မြို့ကို တိုက်ခိုက်မှုတွေ အကြီးအကျယ် ဆက်တိုက် ပြုလုပ်ခဲ့ပြီး မနေ့က အရပ်သား ရာနှင့်ချီ သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဲ့ဒိတိုက်ခိုက်မှုတွေကို အီရန်က "အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို အကြီးအကျယ်လုပ်နေတယ်"လို့ ရှုတ်ချခဲ့ပြီး အီရန်ရဲ့IRGC အာကာသတပ်ဖွဲ့ရဲ့ တပ်မှူးက အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး လက်စားချေမယ်လို့ ပြောသွားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲတွင် အမေရိကန်ကို ကူညီရန်ငြင်းဆိုထားတဲ့ နေတိုးအဖွဲ့ဝင် များကို အပြစ်ပေးရန်အတွက် နည်းလမ်းများကို စဉ်းစားနေတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ နေတိုးအဖွဲ့ အကြီးအကဲ မက်ခ်ရက်တီကတော့ ထရမ့်ရဲ့ "ခေါင်းဆောင်မှု" ကိုချီးမွမ်းခဲ့ပေမဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံအချို့က အမေရိကန်ရဲ့တောင်းဆိုမှုကို ငြင်းဆန်ခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။
အမေရိကန်ဘက်က ချိုးဖောက်နေတဲ့ အချက် ၃ ချက်က လက်ဘနွန်အပစ်အခတ်ရပ်စဲရေးကို မလိုက်နာခြင်း၊ အီရန်လေပိုင်နက်အတွင်းသို့ မောင်းသူမဲ့လေယာဉ်များ ကျူးကျော်ဝင်ရောက်ခြင်းနှင့် "အီရန်ရဲ့ ပိုင်ဆိုင်မှုကို ငြင်းဆိုခြင်း" တို့ဖြစ်တယ်လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌ က ဆိုပါတယ်။
အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေးကို ဗုဒ္ဓဟူးနေ့အစောပိုင်းက ကြေညာပြီးပေမဲ့ သင်္ဘောသုံးစင်းသာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ကြောင်း ထိပ်တန်းရေကြောင်းလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ် တစ်ခုဖြစ်သည့် Lloyd's List က ဖော်ပြခဲ့ပါတယ်။
ပြင်သစ်သမ္မတ မာခရွန် က အီရန်သမ္မတ နဲ့ အမေရိကန်သမ္မတ တို့အား ဖုန်းဆက်ပြီး ၎င်းတို့နှစ်ဦးစလုံးရဲ့ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်အတွက် ချီးကျူးလိုက်ပါတယ်။ "လက်ဘနွန်အပါအဝင် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်နေတဲ့ နယ်ပယ်အားလုံးမှာ လက်နက်ကိုင် တစ်ဦးချင်းစီက အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝ လေးစားလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒါက အပစ်အခတ်ရပ်စဲရေးဟာ ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေအနေတစ်ခုပါ" လို့ မာခရွန် က ၎င်းရဲ့ အိတ်စ်ဆိုရှယ်မီဒီယာ မှာ ရေးတင်ခဲ့ပါတယ်။ ဘယ်လိုနောက်ဆုံးသဘောတူညီချက်တွင်မဆို အီရန်ရဲ့နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များအပြင် ၎င်းရဲ့ဒေသဆိုင်ရာမူဝါဒ နဲ့ ဟော်မုဇ်ရေလက်ကြားမှ ရေကြောင်းသွားလာမှုကို အဟန့်အတားဖြစ်စေတဲ့ လုပ်ဆောင်ချက်များကိုလည်း ဖြေရှင်းရမှာ ဖြစ်ကြောင်း ပြောပါတယ်။
အပစ်ရပ်တယ်လို့ ဆိုပေမဲ့ အစ္စရေးကတော့ လက်ဘနွန်ကို တိုက်ခိုက်မှုတွေအကြီးအကျယ်လုပ်နေတုန်းပါပဲ။
REF: RT
#MNP #News

No comments:
Post a Comment