အိန္ဒိယက ဓာတ်မြေဩဇာကို ဈေး ၂ ဆပေးပြီး တင်ဒါခေါ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယက ဓာတ်မြေဩဇာကို ဈေး ၂ ဆပေးပြီး တင်ဒါခေါ်နေ


ဧပြီ- ၂၄ ( သောကြာနေ့ ) 

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ထောက်ပံ့ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်နေချိန်တွင် အိန္ဒိယသည် ယူရီးယားဓာတ်မြေဩဇာကို ယခုနှစ်အစောပိုင်းက ပေးတဲ့ ဈေးနှုန်းထက် နှစ်ဆပေးပြီး  တင်သွင်းရန် သဘောတူညီခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။ 

အိန္ဒိယ အစိုးရရဲ့ တင်ဒါတစ်ခုတွင် နိုက်ထရိုဂျင်အခြေခံဓာတ်မြေသြဇာ မက်ထရစ်တန် ၂.၅ သန်းကို စံချိန်တင် တင်သွင်းရန် စီစဉ်ထားကြောင်း အစိုးရသတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာက  ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပါတယ်။ 

အိန္ဒိယပိုတက်ရှ်ကုမ္ပဏီက နိုင်ငံရဲ့ အနောက်ဘက်ဆိပ်ကမ်းများမှ ယူရီးယားတန်ချိန် ၁ ဒသမ ၅ သန်းကို ၁တန်လျှင် ၉၅၃ ဒေါ်လာနဲ့  ဝယ်ယူရန် သဘောတူညီထားပြီး အရှေ့ဘက်ဆိပ်ကမ်းများမှ ၁တန်ကို  ၉၅၉ဒေါ်လာဖြင့် တန်ချိန် ၁ သန်း ဝယ်ယူရန် သဘောတူထားတယ်လို့ ဆိုပါတယ်။ 

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့ အီရန်နိုင်ငံအပေါ် စစ်ပွဲမစတင်မီအချိန်က အိန္ဒိယသည် ဓာတ်မြေသြဇာကို အနောက်ကမ်းရိုးတန်းပို့ဆောင်မှုအတွက် တစ်တန်လျှင် ၅၀၈ ဒေါ်လာနှင့် အရှေ့ဘက်ကမ်းရိုးတန်းပို့ဆောင်မှုအတွက် တစ်တန်လျှင် ၅၁၂ ဒေါ်လာဖြင့် လေလံရရှိခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။  ၂၀၂၅ တုန်းက နောက်ဆုံးတင်သွင်းမှုသည် ၎င်းရဲ့နှစ်စဉ် တင်သွင်းမှု တန်ချိန် ၁၀သန်းခန့်ရဲ့ လေးပုံတစ်ပုံနီးပါး ရှိခဲ့ပါတယ်။ 

မုတ်သုံရာသီနီးလာပြီဖြစ်လို့ ရာသီသီးနှံများဖြစ်တဲ့ ဆန်၊ ပြောင်းနှင့် ပဲပိစပ်တို့ကို စိုက်ပျိုးရန် ဓာတ်မြေဪဇာတွေကို လိုအပ်နေပြီဖြစ်ပါတယ်။ အိန္ဒိယသည် ကမ္ဘာ့ ယူရီးယား အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ပြီး ၎င်းရဲ့ ယူရီးယားတင်သွင်းမှုကို  အရှေ့အလယ်ပိုင်းမှ အဓိက တင်သွင်းမှုအပေါ်  မှီခိုနေရပါတယ်။ 

ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ခြင်းကြောင့် ဓာတ်မြေဩဇာထုတ်လုပ်တဲ့နေရာမှာ အဓိကအရေးကြီးတဲ့ သဘာဝဓာတ်ငွေ့အရည် ထောက်ပံ့မှုပြတ်တောက်မှုများကြောင့် ပြည်တွင်းဓာတ်မြေသြဇာစက်ရုံအများအပြား ထုတ်လုပ်မှုကို ရပ်တန့်ခဲ့ရပါတယ်။ 


REF: RT 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)