မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့် ဇီဝသိပ္ပံဗဟိုဌာန (Center for Agriculture and Bioscience International – CABI) မှ အမှုဆောင် အရာရှိချုပ် Dr. Daniel Elger နှင့် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့် ဇီဝသိပ္ပံဗဟိုဌာန (Center for Agriculture and Bioscience International – CABI) မှ အမှုဆောင် အရာရှိချုပ် Dr. Daniel Elger နှင့် တွေ့ဆုံဆွေးနွေး


လန်ဒန်၊ ဧပြီ ၂၇

မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့် ဇီဝသိပ္ပံဗဟိုဌာန (Center for Agriculture and Bioscience International – CABI) မှ CEO ဖြစ်သူ Dr. Daniel Elger အား အဆိုပါဌာနတွင် သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် CABI အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။ 

ဆွေးနွေးပွဲသို့ မြန်မာသံရုံးမှ ဘာသာရပ်တာဝန်ခံနှင့် CABI မှ ညွှန်ကြားရေးမှူး Dr. Qiaoqiao Zhang တို့ တက်ရောက်ခဲ့ပြီး၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ CABI အရှေ့တောင်အာရှရုံးခွဲမှ ညွှန်ကြားရေးမှူး Ms. Sing Yun Chin နှင့် ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့ရှိ၊ CABI အာဖရိကရုံးခွဲမှ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးဌာနမှူး Ms. Phyllis Engefu Ombonyo တို့က အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။ 

ဆွေးနွေးရာတွင် Dr. Daniel Elger မှ CABI ၏ မဟာဗျူဟာနှင့် ရည်မှန်းချက်များ၊ Dr. Qiaoqiao Zhang က အဖွဲ့ဝင်နိုင်ငံများအား အကူအညီပေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေ အနေများ၊ Ms. Sing Yun Chin က အာဆီယံမူဘောင်အောက်မှ ဆောင်ရွက်မှု အခြေအနေများ၊ Ms. Phyllis Engefu Ombonyo အာဖရိကဒေသရှိ ပူးပေါင်းဆောင်ရွက်မှုပုံစံ (Model) များကို ဆွေးနွေးခဲ့ကြသည်။

 သံရုံးယာယီတာဝန်ခံက မြန်မာပြည်သူများအတွက် စိုက်ပျိုးရေးကဏ္ဍ၏ အရေးကြီးမှု၊ နိုင်ငံတော်အစိုးရမှ စိုက်ပျိုးရေးကဏ္ဍ ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍရှိ ပြည်သူများဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးမှု၊ ရာသီဥတုပြောင်းလဲမှု၊ သီးနှံဖျက်ပိုးများနှင့် သီးနှံ ရောဂါများ အစရှိသည့် စိန်ခေါ်မှုများအား ပူးပေါင်းဖြေရှင်းသွားရေး၊ စိုက်ပျိုးရေးနည်းပညာ၊ လူနှင့် တိရစ္ဆာန်ဆက်နွယ်ကျန်းမာရေး စောင့်ရှောက်မှု (One Health) ကိစ္စရပ်များနှင့် သုတေသန လုပ်ငန်းများ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်နည်းပညာများ ရရှိရန် CABI Academy ၏ သင်တန်းများသို့ မြန်မာပြည်သူများ ပိုမိုတက်ရောက်နိုင်ရေး၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ထုတ်ဝေသည့် သုတေသနစာစောင်များကို CABI ဒီဂျစ်တယ် စာကြည့်တိုက် မှတစ်ဆင့် နိုင်ငံတကာသို့ ဖြန့်ဝေရေး၊ CABI နှင့် မြန်မာနိုင်ငံတို့ ဒေသခွဲဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်း စဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။

CABI သည်စိုက်ပျိုးရေးကဏ္ဍနှင့် တောင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်း ပညာ အကူအညီပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး၊ မြန်မာနိုင်ငံသည် ၁၉၉၃ ခုနှစ် မှ စတင်၍ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)