ဓနုဖြူ၊ ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်အဖွဲ့သည် ဓနုဖြူမြို့ အမှတ်(၅)ရပ်ကွက်ရှိ မြို့မစျေးမီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာအား ဧပြီလ ၂၆ ရက်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်အဖွဲ့သည် ဓနုဖြူမြို့ မြို့မစျေးမီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် စျေးရုံ၌ တိုင်း၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ စျေးကော်မတီဝင်များနှင့် တွေ့ဆုံကာ ယာယီစျေးဖွင့်လှစ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁၀)ရပ်ကွက်ရှိ မြို့တော်ခန်းမဆောက်လုပ်မည့်နေရာအား ယာယီစျေးဖွင့်လှစ်ပေးနိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး၊စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်နှင့် တာဝန်ရှိသူများ၊ စျေးကော်မတီဝင်များတွေ့ဆုံကာ ယာယီစျေးအမြန်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စျေးကော်မတီဝင်များ၏ သဘောထားများအား တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်
#MNP #News


No comments:
Post a Comment