ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သာကေတ(သွားနှင့်ခံတွင်းအထူးကုဆေးရုံ)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သာကေတ(သွားနှင့်ခံတွင်းအထူးကုဆေးရုံ)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ ဧပြီ ၂၇

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး သာကေတ(သွားနှင့်ခံတွင်း အထူးကုဆေးရုံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သာကေတ (သွားနှင့်ခံတွင်း အထူးကုဆေးရုံ)တွင် ပိတ်ရက်မရှိ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား တိုက်ရိုက်အကျိုးခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးနေသည့် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးကုသခန်းများ၊ သွားတုပြုလုပ်သည့်ဌာနများနှင့် ဓာတ်ခွဲခန်းများ၊ Digital Dentistry လုပ်ငန်းဆောင်ရွက်နေမှုများ၊ သာကေတအထူးကုဆေးရုံတွင် အရေးပေါ်ဆေးကုသမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင် ရေးအခြေအနေ၊ သာကေတ၊ ဒေသန္တရ ကျန်းမာရေးဌာန၌ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတိုးမြှင့် ဆောင်ရွက်ပေးနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မျှော်မှန်းလူ့သက်တမ်းတိုးမြှင့်လာစေရေးနှင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှု(UHC)ရရှိရေး မြို့နယ်အတွင်း ဆောက်ရွက်လျက်ရှိသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းများ၊ ဆေးကုသမှုလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူလူထု တိုက်ရိုက်အကျိုးကျေးဇူးရရှိအောင် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေး၊ ကျန်းမာ ရေးဝန်ထမ်းများအတွက် နိုင်ငံတော်က လစာအပြင် ထပ်ဆောင်းချီးမြှင့်ငွေများ ထောက်ပံ့ပေးနေမှု၊ ဆောက်လုပ်ဆဲ ဆေးရုံအဆောက် အအုံသစ်အားစံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးတို့ကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ဆောက်လုပ်ပြီးစီးသည့် တိုးချဲ့နှစ်ထပ်ဆေးကုသဆောင် သစ်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)