ဧပြီ - ၂၇ ( တနင်္လာနေ့ )
အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ မက်တာ နဲ့ မိုက်ခရိုဆော့ဖ် တို့က ၎င်းတို့ရဲ့ ဉာဏ်ရည်တု (AI) လုပ်ငန်းစဉ်တွေမှာ စျေးကြီးသော ရင်းနှီးမြုပ်နှံမှုများနဲ့ ဆက်စပ်နေတဲ့ စရိတ်စကများ မြင့်တက်လာခြင်းကြောင့် ဝန်ထမ်းအင်အားကို ၁၀% အထိ လျှော့ချရန် စီစဉ်ထားကြောင်း ဖနန်ရှယ်တိုင်းမ် သတင်းဌာန က ဖော်ပြခဲ့ပါတယ်။
ဖေ့စ်ဘုတ် ရဲ့ မိခင်ကုမ္ပဏီ မက်တာက ဝန်ထမ်းအင်အား ၆ ထောင်ကနေ ၈ ထောင်အထိ ဖြုတ်ပစ်ဖို့ရှိနေတယ် ဆိုတဲ့ ဝန်ထမ်းအချင်းချင်း ပေးပို့တဲ့ အတွင်းပိုင်းဆိုင်ရာ အချက်အလက်အရသိရပါတယ်။ အဲ့ဒိလုပ်ငန်းစဉ်ကို မေလ ၂၀ ရက်နေ့မှာ စမယ်လို့ မက်တာကုမ္ပဏီက သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ကုမ္ပဏီသည် အဆင့်မြင့် အေအိုင် မော်ဒယ်များကို တီထွင်ရာတွင် ဂူဂဲလ် နဲ့ အိုးပင်းအေအိုင် တို့လို နည်းပညာပြိုင်ဖက်များအား အမီလိုက်နိုင်ရန် ထိပ်တန်းအရည်အချင်းရှိသူများကို စုဆောင်းနေစဉ် ကုန်ကျစရိတ်များသော ဒေတာစင်တာများအပါအဝင် အေအိုင် အခြေခံအဆောက်အအုံတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားခြင်းကြောင့် အခုလို ဝန်ထမ်းတွေကို ဖြုတ်ပစ်ဖို့အတွက် လုပ်တာလို့ သတင်းများ ထွက်နေတာပဲ ဖြစ်ပါတယ်။
ဒီနှစ်ဇန်နဝါရီလကတည်းက မက်တာကုမ္ပဏီအနေနဲ့ ၂၀၂၆ခုနှစ် အရင်းအနှီးအသုံးစရိတ်ကို ကန်ဒေါ်လာ ၁၁၅ ဘီလီယံကနေ ၁၃၅ ဘီလီယံအထိပဲ သုံးမယ်လို့ သက်မှတ်ထားပါတယ်။ ပြင်ပကုမ္ပဏီတွေ ဝန်ဆောင်မှုတွေကို ငွေကြေးပေးချေမှု နဲ့ အခြေခံအဆောက်အဦကုန်ကျစရိတ်များ အပြင် အေအိုင် ဒေတာစင်တာပိုင်ဆိုင်မှုများကြောင့် ကုမ္ပစီရဲ့ တန်ဖိုးက ကျဆင်းသွားပြီး လည်ပတ်မှုကုန်ကျစရိတ်က မြင့်တက်လာခဲ့ပါတယ်။
ပြိုင်ဘက်နည်းပညာကုမ္ပဏီကြီး မိုက်ခရိုဆော့ဖ် က ၎င်း၏ အမေရိကန်လုပ်သားအင်အား ၇ % ဝန်းကျင်အား အလုပ်ဖြုတ်ပစ်မယ်လို့ သိရပါတယ်။ အကြမ်းဖျင်းအားဖြင့် အမေရိကန် လုပ်သားအင်အား ၁၂၅,၀၀၀ ရှိတဲ့ နေရာမှာ ဝန်ထမ်း ၈ ထောင်ကျော်ကို ဖြုတ်ပစ်မှာပါ။ မိုက်ခရိုဆော့ဖ် က ၂၀၂၅ တုန်းကလည်း ဝန်ထမ်း ၁သောင်းခွဲကို ဖြုတ်ပစ်ခဲ့ပါတယ်။ ယခုနှစ်အစောပိုင်းတွင် ကုမ္ပဏီသည် ၎င်း၏ကိုယ်ပိုင်အဆင့်မြင့် အေအိုင်မော်ဒယ်များကို အရှိန်မြှင့်လုပ်ဆောင်ရန် ကတိပြုခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် ကုမ္ပဏီသည် ငွေလုံးငွေရင်းအသုံးစရိတ်တွင် ဒေါ်လာ ဘီလီယံ ၁၄၀ သုံးစွဲမယ်လို့ ဆိုထားပါတယ်။
REF: RT
#MNP #News


No comments:
Post a Comment