မရမ်းကုန်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ တာ၀န်ရှိသူများက ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ တာ၀န်ရှိသူများက ကြည့်ရှုစစ်ဆေး




 ရန်ကုန်၊ ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မရမ်းကုန်းမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ   နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်  သာသနာ့ဗိမာန်တော်ကြီး ရှိဇေယျတုမင်္ဂလာခန်းမတွင်  မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  ၊ မရမ်းကုန်းခရိုင်ဦးစီးမှူး ဦးရန်နိုင် ကြီးကြပ်၍ မရမ်းကုန်းမြို့နယ်ဦးစီးမှူးဦးသန့်ဇင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများပါဝင်သောအဖွဲ့က  အမှတ်(၁)ရပ်ကွက် အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦး မင်းသိန်းထွန်း ၊  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မရမ်းကုန်းခရိုင်ဦးစီးမှူး ဦးရန်နိုင်  ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင် နှင့် အဖွဲ့၀င်များ က လာရောက်ကြည့်ရှုအားပေးရာ မြို့နယ်ဦးစီးမှူးက လုပ်ငန်းများဆောင်ရွက်ပုံ အဆင့်ဆင့်အား  လိုက်လံရှင်းလင်းပြသပြီး နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်‌ပေးခြင်းများကို  သက်ဆိုင်ရာရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်း ၍ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သက်လွင်စိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)