ဒေးဒရဲ ၊ ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေး၊ ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေများကို သိရှိနိုင်စေရေးရည်ရွယ်၍ ကျေးရွာအခြေပြု ဥပဒေရေးရာအသိပညာပေး ဟောပြောခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ထောင်မှူးချောင်ကျေးရွာအုပ်စု၊ လေးကုန်းကျေးရွာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးပိုထွန်းက ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် မှုခင်းဖြစ်ပွားမှု လျော့နည်းစေရေး၊ အွန်လိုင်လိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေး သိရှိလိုက်နာရမည့်အချက်များအား ဟောပြောခဲ့ပြီး မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မြင့်ခိုင်က မြို့နယ်အတွင်း၌ ပြည်သူများ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေး၊ မိုဘိုင်းဖုန်းများမှတစ်ဆင့် ဖြစ်ပွားလျက်ရှိသည့် လိမ်လည်မှုဖြစ်စဥ်များ ပြည်သူများသိရှိစေရေး (Video Clip) များပြသ၍ အသိပညာပေးဟောပြောခြင်း၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးဖေသက်ခိုင်က ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေများနှင့် အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ပါက ချမှတ်ခံရမည့် ပြစ်ဒဏ်များနှင့် မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့ တပ်ကြပ်ကြီး ကိုကိုဇော်က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာသည့် ကျေးရွာပြည်သူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment