
မိုးနဲ ၊ ဧပြီ ၂၈
နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာအောင်လင်းနှင့်ဝန်ထမ်းများက ဧပြီ ၂၆ ရက်နေ့နံနက်ပိုင်းက ကွန်နားကျေးရွာအုပ်စု ကွန်နားကျေးရွာရှိ တစ်နိုင်တစ်ပိုင်မွေးမြူသူတောင်သူများအား မွေးမြူရေးဆိုင်ရာအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်လင်းက ရက်(၁၀၀) ကာကွယ် ဆေးထိုးမည့်စီမံချက်၊ တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်းအသိပညာပေးဟောပြောခဲ့ပြီး မွေးမြူးသူများ၏ တိရစ္ဆာန်များကို သံချဆေးနှင့်အားဆေးများ အခမဲ့တိုက်ကျွေးထိုးနှံပေးခြင်း၊ ရောဂါဖြစ်ပွားသောတိရစ္ဆာန်များကို ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မြေပြင်တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်မွေးမြူထားရှိမှုစာရင်းကောက်ယူခြင်း၊ ကျွဲ၊နွား၊ဝက်၊ကြက်များအား လိုအပ်သည့်ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ အုပ်စုအလိုက်ကွင်းဆင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ စာရင်းပြုစုစစ်ဆေးခြင်းနှင့်ဆန်းစစ်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
https://t.me/MyanmarNationalPost
No comments:
Post a Comment