သင်္ကြန်ကာလအတွင်း YBS ယာဉ်များ ပြေး​ဆွဲ​ဝန်​ဆောင်မှုပေးမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

သင်္ကြန်ကာလအတွင်း YBS ယာဉ်များ ပြေး​ဆွဲ​ဝန်​ဆောင်မှုပေးမည်


ရန်ကုန်? ဧပြီ ၈

သင်္ကြန်ပိတ်ရက်အတွင်း အများပြည်သူခရီးသွားလာမှု အဆင်ပြေစေရေးသင်္ကြန်ပိတ်ရက်အတွင်း အများပြည်သူခရီးသွားလာမှု အဆင်ပြေစေရေးအတွက် သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်နေ့မှ သင်္ကြန်အတက်နေ့နှင့် ၁၇ ရက်အထိ YBS ကုမ္ပဏီ ၁၅ ခုက ယာဉ်လိုင်းပေါင်း၇၁ လိုင်း၊ ယာဉ်အစီးရေ ၁၀၀၀ ကျော်ဖြင့် ပြေးဆွဲဝန်ဆောင်မှုပေးမည်ဖြစ်သည်။

“ရုံးပိတ်ရက်ရှည်ဖြစ်တဲ့အတွက် သင်္ကြန်ရက်တွေမှာ ရန်ကုန်မြို့တွင်း မဖြစ်မနေသွားလာကြတဲ့ခရီးသည်တွေအတွက် ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။ နှစ်ဆန်း နှစ်ရက်လောက်မှာ ယာဉ်လိုင်းအားလုံးပြန်လည်ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်” ဟု YRTC တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းနှင်သူများအနေဖြင့် မူးယစ်သောက်စားယာဉ်မမောင်းရန်၊ အပျော်လွန်ကျူးစည်းကမ်းမဲ့ပြိုင်မမောင်းရ၊ လုမမောင်းရ၊ မော်တော်ယာဉ်များတွင် အိတ်ဇောပိုက်ဖြုတ်မမောင်းရစသည့်အချက်များကို အသိ​​ပေးထား​ကြောင်း သိရသည်။

ထိုပြင် နိုင်ငံတကာအလံများယာဉ်တွင်တပ်ဆင်၍ မောင်းနှင်ခြင်းမပြုရန်၊ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း မည်သည့်မော်တော်ဆိုင်ကယ်/ဘေးတွဲ ဆိုင်ကယ်များမှစီးနင်းခြင်းလုံးဝမပြုရန်နှင့် ယာဉ်မောင်းသူများအား အရက်သေစာသောက်စားထားခြင်းရှိ/ မရှိ အရက်မူးတိုင်းကိရိယာ (Alcohol Tester)ဖြင့် တိုင်းတာစစ်ဆေး၍ ချိုးဖောက်ပါက ထိရောက်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ YBSယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထားများကို ပုံမှန်အတိုင်းသာကောက်ခံရန်ညွှန်ကြားထားပြီး သတ်မှတ်ယာဉ်စီးခနှုန်းထားထက်ပိုမိုကောက်ခံပါက YRTCသို့ယာဉ်လိုင်းနံပါတ်၊ ယာဉ်နံပါတ်တို့နှင့်အတူ တိုင်ကြားနိုင်ကြောင်း သိရသည်။

YRTCက သင်္ကြန်မဟုတ်သည့် ပုံမှန်ကာလများတွင် YBSယာဉ်လိုင်းကုမ္ပဏီ၂၁ခု၊ ယာဉ်လိုင်း၁၄၁လိုင်း၊ ယာဉ်အစီးရေ ၅၄၆၂စီး နေ့စဉ် ယာဉ်အစီးရေ ၃၅၀ဝခန့်၊ ယာဉ်လိုင်း ၁၃၂ လိုင်းဖြင့်ခရီးသည် ၁ ဒသမ ၅ သန်းကျော်ကိုဝန်ဆောင်မှုပေးလျက်ရှိသည်။


​အောင်မြင့်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)