ဧပြီ - ၈ ( ဗုဒ္ဓဟူးနေ့ )
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံက ရုရှားအစိုးရနဲ့ သဘောတူညီမှုရရှိခဲ့ပြီးနောက် ရေနံစိမ်းဝယ်ယူလို့ရတော့မယ်လို့ သီရိလင်္ကာနိုင်ငံသယ်ယူပို့ဆောင်ရေးဝန်ကြီး ဘီမော်ရာသနာယာကီ က ပြောသွားပါတယ်။
၎င်း က "စွမ်းအင်သည် ယနေ့ကျွန်ုပ်တို့ရဲ့ ဦးစားပေးဖြစ်ပါတယ်" လို့ TASS သတင်းဌာန သို့ တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး၊ အီရန်နှင့် အမေရိကန်-အစ္စရေးစစ်ပွဲကြောင့် သီရိလင်္ကာမှာ ထောက်ပံ့ရေးပစ္စည်းများ ပြတ်တောက်သွားကြောင်း ပြောကြားခဲ့ပါတယ်။
"ရုရှား၏စွမ်းအင်လက်ထောက်ဝန်ကြီး [အန်ဒရီရူဒင်ကို] က ပြီးခဲ့တဲ့ ရက်တွေတုန်းက ကျနော်တို့ဆီကို အလည်ရောက်လာပါတယ်။ ပြီးတော့ သူက ကျနော်တို့နဲ့ ဆွေးနွေးခဲ့ပြီး သဘောတူညီမှုတစ်ခု ရယူသွားပါတယ်” လို့ ဆိုပါတယ်။ ရုရှားမှ ပထမဆုံး ရေနံစိမ်း ထောက်ပံ့မှုကို ဧပြီလလယ်တွင် မျှော်လင့်ထားကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။ “နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းတွေကို ကုမ္ပဏီအဆင့်မှာ လုပ်ဆောင်နေပြီး ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အရောင်းအဝယ်လုပ်ပုံတွေကို ဆွေးနွေးနေပါတယ်။ ဒါပေမယ့် အစိုးရပိုင်း အဆင့်မှာတော့ အားလုံးနီးပါး ပြီးသွားပြီ”လို့ ဆိုပါတယ်။
သီရိလင်္ကာလက်ဖက်ခြောက်ကို ရုရှားနိုင်ငံသို့ တင်ပို့နေသော်လည်း ရေနံစိမ်းတင်သွင်းမှုအတွက် ကောင်းမွန်သော “ထောက်ပံ့ပို့ဆောင်ရေးစနစ်” သည် မရှိမဖြစ်လိုအပ်ကြောင်း၊ ကျွန်းနိုင်ငံသည် လောင်စာဆီတင်ဆောင်နိုင် သည့် နေရာ နှစ်နေရာသာရှိကြောင်း၊ ဧပြီလနှင့် မေလအတွက် လောင်စာဆီ တင်ပို့မှု လုံခြုံပြီဆိုတာနဲ့ ဇွန်လတွင် ဈေးနှုန်းများ အနည်းငယ် ကျဆင်းသွားနိုင်ကြောင်း၊ မတ်လတုန်းက သီရိလင်္ကာသည် အိန္ဒိယထံမှ လောင်စာတန်ချိန် ၃၈,၀၀၀ ရရှိခဲ့ကြောင်း၊ မြို့တော်ကိုလံဘိုမှာ လောင်စာဆီဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ထောက်ပံ့မှု ပြတ်တောက်တာကို ဖြေရှင်းရန်အတွက် ခွဲတမ်းစနစ်ကိုကျင့်သုံးခဲ့ရကြောင်း နဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခ ဖြစ်ပွားပြီးနောက်တွင် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာတို့ အပါအဝင် တောင်အာရှနိုင်ငံများအတွက် အဓိက စွမ်းအင်မိတ်ဖက်နိုင်ငံအဖြစ် ရုရှားက ဆန္ဒထုတ်ဖော်ထားကြောင်း ဆိုခဲ့ပါတယ်။
ရုရှားနှင့် သီရိလင်္ကာ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၇၀၀ ရှိခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment