ပဲခူးမြို့နယ်၌ သဘာဝသစ်စိမ်းမြေဩဇာပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့နယ်၌ သဘာဝသစ်စိမ်းမြေဩဇာပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲကျင်းပ




ပဲခူး   ၊ မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ သဘာဝသစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲကို ယနေ့ နံနက်တွင် ပဲခူးမြို့နယ်ရှိ သဲဆန်ကုန်းကြောလယ်မြေများဖြစ်သော ရွာသစ်ကိုင်းတာကျေးရွာ၊ ဘုရားကလေးကျေးရွာနှင့် ရေတော်မိုးတော် လယ်မြေများဖြစ်သော ကလိကျေးရွာတို့တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းအောင်ဆန်းနှင့် ခရိုင်၊မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့ဝင်များက EM ဘိုကာရှီ ပြုလုပ်ရာတွင် ပါဝင်ရမည့်ပစ္စည်းများနှင့် အဆင့်ဆင့် ပြုလုပ်ပုံတို့ကို လက်တွေ့ပြသကာ သဘာဝသစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့များအား တောင်သူလယ်သမားများသို့ ပေးအပ်ခဲ့ပြီး လက်တွေေ့ပြသ ကြဲပက်ပေးခဲ့ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)