သတိုးမင်းဖျားလုံခြုံရေးကုမ္ပဏီက ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးမြောက်ခဲ့သူများကို လုံခြုံရေးခေါင်းဆောင်ရာထူးအတွက် ဦးစားပေး အလုပ်ခေါ်ယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

သတိုးမင်းဖျားလုံခြုံရေးကုမ္ပဏီက ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးမြောက်ခဲ့သူများကို လုံခြုံရေးခေါင်းဆောင်ရာထူးအတွက် ဦးစားပေး အလုပ်ခေါ်ယူ







ရန်ကုန်၊ မေ ၁၂

သတိုးမင်းဖျားလုံခြုံရေးကုမ္ပဏီက ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးမြောက်ခဲ့သူများကို လုံခြုံရေးခေါင်းဆောင်ရာထူးအတွက် ဦးစားပေးခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတိုးမင်းဖျားလုံခြုံရေးကုမ္ပဏီ ၏ Managing Director ဦးရန်ငြိမ်းကျော် က "နိုင်ငံသားကောင်းတာဝန်ကျေပွန်ခဲ့သူများ ဖြစ်တဲ့အတွက် တာဝန်ထမ်းဆောင်ပြီးနောက်မှာ ပြည်တွင်းအလုပ်အကိုင်အတွက် အခက်အခဲမရှိစေဖို့ရယ်၊ ပြီးတော့ စနစ်တကျ သင်တန်းတက်ရောက်ထားခဲ့ပြီး၂နှစ်တိုင်အောင် အဖွဲ့အစည်းနဲ့ နေထိုင်နိုင်ခဲ့ပြီးသူများဖြစ်လို့ရယ်၊ နောက်တစ်ချက်က လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့ပြီးသူများ ဖြစ်တဲ့အတွက် လုံခြုံရေးကုမ္ပဏီလုပ်ငန်းနဲ့ အံဝင်ခွင်ကျဖြစ်နိုင်တဲ့အတွက်ပါ။ ဒီအချက်တွေကြောင့် ပြည်သူ့စစ်မှုထမ်းပြီးမြောက်သူများကို ဦးစားပေးခေါ်ယူရခြင်းဖြစ်ပါတယ်" ဟု ပြောသည်။

သတိုးမင်းဖျားကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံဒေသအသီးသီးရှိ စီးပွားရေးလုပ်ငန်းကြီးများကို လုံခြုံရေးဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။


#MNP #News




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)