ဝမ်းတွင်းမြို့နယ်၌ ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေလူမှုစီးပွားဘဝ မြှင်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ) သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝမ်းတွင်းမြို့နယ်၌ ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေလူမှုစီးပွားဘဝ မြှင်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ) သင်တန်းဆင်းပွဲကျင်းပ




ဝမ်းတွင်း   ၊ မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေလူမှုစီးပွားဘဝ မြင့်တင်ရေးအတွက် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ) သင်တန်းဆင်းပွဲကို မေလ ၁၁ ရက်နေ့ နံနက်က မြေတိုင်ကန်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်သိန်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး   မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုဦးက သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့သည့်အခြေအနေအား ရှင်းလင်းပြောကြားခဲ့ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နှင့် တာဝန်ရှိသူများက သင်တန်းတွင် ဆုရရှိသည့် သင်တန်းသူများအား ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။ 

အဆိုပါ သင်တန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေလူမှု စီးပွားဘဝမြင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ပစ္စည်းပြုလုပ်နည်း(ဆပ်ပြာ)သင်တန်းကို သင်တန်းသူ ၂၀ ဦးဖြင့်  မေလ ၅ ရက်နေ့ ၉ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။       

  https://t.me/MyanmarNationalPost                

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)