ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးအဆောက်အအုံများ၏ ခေတ်အလိုက် အုတ်မြစ်တည်ဆောက်မှုစနစ်အား တူးဖော်သုတေသနပြုလျက်ရှိပြီး မည်သူမဆို လာရောက်လေ့လာနိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးအဆောက်အအုံများ၏ ခေတ်အလိုက် အုတ်မြစ်တည်ဆောက်မှုစနစ်အား တူးဖော်သုတေသနပြုလျက်ရှိပြီး မည်သူမဆို လာရောက်လေ့လာနိုင်


ညောင်ဦး၊ မေ ၁၂

ပုဂံဒေသရှိ ခေတ်အဆက်ဆက် တည်ဆောက်ခဲ့သော ရှေးဟောင်းစေတီပုထိုး အဆောက်အအုံများ၏ မြေပြင်အောက်တွင် တည်ဆောက်ခဲ့သည့် အုတ်မြစ်တည်ဆောက်မှုစနစ်အား သိရှိနိုင်ရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) သုတေသနဌာနစုက တူးဖော်သုတေသနပြု လေ့လာလျက်ရှိသည်။

၂၀၂၃ ခုနှစ်မှစ၍ ခေတ်ကာလ မတူညီသော ရှေးဟောင်းစေတီ ပုထိုးအဆောက်အအုံ ၁၂ ခု၏ အုတ်မြစ်တည်ဆောက်မှုစနစ်ကို တူးဖော်သုတေသနပြုလေ့လာခဲ့ ပြီး ယခု ၂၀၂၆ ခုနှစ်တွင် သဗ္ဗညု ဂူဘုရားအနောက်ဘက် မီးမလောင်ကျောင်းအနီးရှိ ငကျွဲနားဋောင်းစေတီ (ရှေးဟောင်း အဆောက်အအုံအမှတ်-၁၆၀၃)၊ ပုဂံ ရှေးဟောင်းသုတေသန ပြတိုက်ရှေ့ရှိ ပေါက်ပင်ရာ စေတီ (ရှေးဟောင်းအဆောက်အအုံ အမှတ်-၁၆၁၄)၊ ညောင်ဦး- ပုဂံ မြို့ဟောင်းကားလမ်းဘေး မင်းအိုချမ်းသာဘုရား အရှေ့ဘက်ရှိ ရှေးဟောင်းအဆောက်အအုံ အမှတ်-၁၉၀၅ တို့၏ အုတ်မြစ် တည်ဆောက်မှုစနစ်ကို တူးဖော် သုတေသနပြုသွားမည် ဖြစ်ကြောင်း သိရသည်။

တူးဖော်သုတေသနပြုနေမှုများနှင့်ပတ်သက်၍ လေ့လာလိုသည့် သုတေသီများ၊ ကျောင်းသား ကျောင်းသူများ၊ ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်သုတေ သနပြုမှုများကို ‌စိတ်ပါဝင်စားသည့် မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူးထံမှ သိရသည်။


ဒီပါလင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)