တံတားဦးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ (ဗီနိုင်း) စိုက်ထူပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားဦးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ (ဗီနိုင်း) စိုက်ထူပွဲ ကျင်းပ


တံတားဦး၊ မေ ၂၂

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ (ဗီနိုင်း) စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီက တံတားဦးမြို့  မြို့အဝင်ဆိုင်းဘုတ်အနီး ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်ဆရာ၊ ဆရာမများက ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ (ဗီနိုင်း)အား စိုက်ထူပေးကြသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူ၊ တံတားဦခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး ခင်မောင်ဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထိုက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ တံတားဦးခရိုင် ပညာရေးမှူး ဒေါက်တာသန္တာဆွေ၊ မြို့နယ်ပညာရေးမှူ ဒေါ်ချိုချိုမြင့်တို့က မြေစိုက်ပိုစတာအား အမွှေးနံ့ရည်များ ပက်ဖြန်းပေးကြပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြသည်။ အဆိုပါမြေစိုက်ပိုစတာ၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် “ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ “ပါရှိပြီး အဆိုပါဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်းကို မေ ၂၅ ရက်နေ့မှ မေ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)