လှိုင်းဘွဲမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် သံကူကွန်ကရစ်တံတားတစ်စင်း မြေသားကျွံနိမ့်ကျ ပျက်စီး - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် သံကူကွန်ကရစ်တံတားတစ်စင်း မြေသားကျွံနိမ့်ကျ ပျက်စီး

 


လှိုင်းဘွဲ၊  မေ ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သမ္ဘာန်ကျေးရွာအုပ်စု၊ ဝါးဆူကွင်းကျေးရွာအနီး ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးပေါ်တွင်  မိုးရွာသွန်းမှုများပြားခြင်းကြောင့် ယနေ့နံနက်(၁၀)နာရီခွဲက တံတားအမှတ် ၃/၁၂(အလျား ၂၄ပေ၊ အနံ(၁၈)ပေ)ရှိ သံကူကွန်ကရစ်တံတားတစ်စင်း မြေသားကျွံကာ နိမ့်ကျ၍ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ မြေသားကျွံကာ နိမ့်ကျခြင်းကြောင့် တာဝန်ရှိသူများက ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သံကူကွန်ကရစ်တံတားပေါ်သို့ မော်တော်ယာဉ်အသေးနှင့်ဆိုင်ကယ်များသာ စနစ်တကျဖြတ်သန်းသွားလာခွင့်ပြုထားပြီး ယာဉ်ကြီးများ ဖြတ်သန်းသွား၍ မရကြောင်း သိရှိရသည်။

စောဒိ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)