မြစ်သား ၊ မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို မေလ ၁၅ ရက်နေ့မှစတင်၍ ထုတ်ချေးနေပြီဖြစ်ကြောင်း သိရသည်။ရှေးဦးစွာ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေး ခြင်းနှင့်ပတ်သက်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်ချောစုလှိုင်က ချေးငွေ ညွှန်ကြားစာပါ စည်းကမ်းချက်များနှင့်အညီ ယခင်နှစ် ချေးငွေကြွေးကျန်အားလုံး ပြန်လည်ပေးဆပ်ပြီးသော တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ထို့နောက် မြို့နယ်အတွင်းရှိ ယခင်နှစ် ၂၀၂၅ မိုးချေးငွေများပြေကျေ စွာပေးဆပ်ပြီးသော ကျေးရွာအုပ်စု ၇ အုပ်စု တောင်သူပေါင်း ၂၃၆ ဦး၏ ဧကပေါင်း ၉၉၅ ဧက အတွက် စပါး ၁ ဧကလျှင် ၃ သိန်းနှုန်းနှင့် အခြားသီးနှံ ၁ဧကလျှင် ၂ သိန်းခွဲနှုန်းဖြင့် ချေးငွေကျပ်သိန်းပေါင်း ၂၈၉၄.၅၀ သိန်း မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ကျေးရွာအုပ်စုများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦး ထံမှသိရသည်။
ဝါဝါမြင့်(မြစ်သား)
https://t.me/MyanmarNationalPost
No comments:
Post a Comment