ရန်ကုန်၊ မေ ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမများအား အင်္ဂလိပ်စာ အရည်အသွေးတိုးတက်မှု မြှင့်တင်ရေးသင်တန်း (Main Course) ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (စက်၊စိုက်၊မွေး) (သုဝဏ္ဏ) သီရိသုဝဏ္ဏပညာခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ အတွင်းရေးမှူး ဦးနေဝင်းအောင် နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းဆင်း ဆရာ/မ များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီး သင်တန်းသား၊ သင်တန်းသူ ဆရာ/မများက “လမ်းပြကြယ်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော် စောင်းအတီးပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် "ယာခင်းရှင်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဧကာဒသမတန်းကျောင်းသူ မရှင်းသဒ္ဓါအောင် က စောင်းတီးခတ် ဖျော်ဖြေသည်။
ယင်းနောက် တိုင်းပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းအောင် က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား/သူ၊ ဆရာ/မများက “Move and Stop” အင်္ဂလိပ်သီချင်းဖြင့် ကပြဖျော်ဖြေကြကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဖျော်ဖြေရေးအဖွဲ့များအား ငွေသားဆုများ ချီးမြှင့်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းသည်။
#MNP #News





No comments:
Post a Comment