မြောက်ဥက္ကလာ၊ မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် တွေ့ဆုံပွဲကို ယနေ့ နေ့လယ် ၃ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အစိုးရသစ်ကာလတွင် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ အင်တိုက်အားတိုက်အလုပ်လုပ်ကိုင်ရန်လိုအပ်ကြောင်းမှာကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက အမှတ်(၂)ရပ်ကွက် အတွင်း မေ ၇ ရက်နေ့ ရက်နေ့ ဓားပြတိုက်မှုဖြစ်စဉ်တွင် မိမိ၏အသက်ကို ပဓာနမထားဘဲ သေနတ်ကိုင်ဓားပြ(၃)ဦးအားဖမ်းဆီးပေးခဲ့သော အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှိုင်ဝင်းထွန်းအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ ကြောင်းသိရသည်။
သက်လွင်စိုး
#MNP #News





No comments:
Post a Comment