မေ - ၁၃ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က အမေရိကန်သည် ကျူဘားကို အကူအညီပေးပို့ရန် ကြိုးစားခဲ့တာကို ကျူးဘားအာဏာပိုင်တွေက ငြင်းဆိုခဲ့တာပါလို့ ပြောဆိုပြီးနောက်မှာတော့ ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက ၎င်းရဲ့အစိုးရအား အမေရိကန်ထံမှ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၁၀၀ ပေးအပ်ရန် ကမ်းလှမ်းမှုလုပ်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရူဘီယို က "ယုံတမ်းစကားပြောတတ်သူ" နဲ့ ကန်ဒေါ်လာ သန်း ၁၀၀ တန် လိမ်လည်မှု ဆိုပြီး ရေးတင်ခဲ့ပါတယ်။ အကူအညီကို ဘယ်သူ့ကို ပေးမှာလဲ၊ ဘယ်လိုပုံစံပေးမှာလဲ၊ သန်း၁၀၀ တန် အကူအညီမှာ ငွေသား၊ လောင်စာဆီ၊ အစားအစာ သို့မဟုတ် ဆေးဝါးများ ဘယ်လောက်ဖိုးစီပါမှာလဲ ဆိုပြီး မေးခွန်ပြန်ထုတ်ခဲ့ပါတယ်။ "ကျူးဘားကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ဒေါ်လာ သန်း ၁၀၀ ပေးမယ်လို့ ပြောတဲ့စကားတွေက ယုံတမ်းစကားပါ။ အဲ့ဒါနဲ့ ပတ်သက်ပြီး တစ်စုံတစ်ယောက်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးထံ မေးသင့်နေပါပြီ။ ဒီမှာ ဘယ်သူမှ ဘာမှ မသိပါဘူး" လို့ ၎င်းက ရေးတင်ခဲ့ပါတယ်။
ကျူးဘားကို အကူအညီပေးမဲ့အစား လောင်စာဆီ ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်တာက ပိုလွယ်ပါတယ်လို့ ဆိုပါတယ်။
အဲ့ဒိ ရူဘီယိုရဲ့ စကားသည် သောကြာနေ့က အီတလီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး အမေရိကန်က ကျူးဘားကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း နဲ့ ကျူးဘား အစိုးရက အမေရိကန်ရဲ့ အကူအညီကို ဖြန့်ဖြူးဖို့ ခွင့်မပြုကြောင်း ပါဝင်ပါတယ်။ "ကျနော်တို့က ကျူးဘား အစိုးရအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာသန်း ၁၀၀ ကမ်းလှမ်းထားပြီး၊ ကံမကောင်းစွာဖြင့် ကျူးဘားပြည်သူများကို ကူညီရန် ဖြန့်ဝေရန် ယခုအချိန်အထိ ၎င်းတို့သဘောတူထားခြင်း မရှိသေးပါ" လို့ ပြောခဲ့တာပါ။
အမေရိကန်က ကက်သလစ် ပရဟိတအဖွဲ့ ကာရီတက်စ် မှတစ်ဆင့် ပေးပို့ထားသော လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၆ သန်းခန့် ပေးအပ်ခဲ့ပြီး ကျွန်းရဲ့စီးပွားရေးနှင့် လူမှုရေးယိုယွင်းမှုကြောင့် အမေရိကန်ပြည်ထောင်စုသည် အကူအညီများ တိုးချဲ့ရန် ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။
REF: UPI
#News #MNP


No comments:
Post a Comment