NUG အကြမ်းဖက်အဖွဲ့က Walk For Peace ဆရာတော်၏ ပုံရိပ်ကို အသုံးချ၍ မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့က Walk For Peace ဆရာတော်၏ ပုံရိပ်ကို အသုံးချ၍ မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိ




အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမှာ တိုက်ခန်းငှားပြီး သူတို့ကိုယ်သူတို့ အစိုးရလို့ ဖာကျနေတဲ့ NUG အကြမ်းဖက်အဖွဲ့က ထပ်ပြီး ဖာကျပြန်ပြီလို့ပဲ တည့်တည့်ပြောရပါတော့မယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ Facebook စာမျက်နှာ်မှာ "သတင်းအဖြစ်ထုတ်ပြန်ချက်" ဆိုပြီး မမှန်မကန် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေထားတာကို တွေ့ရတဲ့အတွက် မနေသာလို့ တုန့်ပြန်လိုက်ပါအုံးမယ်ဗျာ။ 

Walk For Peace ဆရာတော် အရှင်ပညာကာရရဲ့ ဓာတ်ပုံတွေကို အသုံးချပြီး မမှန်မကန်တွေ ရေးသား ဖြန့်ဝေပြီး ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဆရာတော် အရှင်ပညာကာရ ကိုတော့ ရိုသေစွာ ဦးခိုက်ပါရဲ့။ ဆရာတော် အရှင်ပညာကာရ ရဲ့ အနီးမှာ ရှိနေတဲ့ မြန်မာပြည်က ဆရာတော် ဆိုတာက NUG အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံသူ ဖြစ်နေတဲ့အတွက် ဆရာတော် အရှင်ပညာကာရ ပါ NUG အကြမ်းဖက်အဖွဲ့ရဲ့ အသုံးချခံ ဘဝကို ရောက်မှန်းမသိ ရောက်သွားရပါတယ်။ ဆရာတော်ကိုတော့ ရိုသေစွာပဲ ဦးခိုက်ပါတယ်။ ဆရာတော်လည်း ပြည်ဖျက်မိစ္ဆာတွေရဲ့ သဘောသရုပ်မှန်ကို ရိပ်စားမိလိမ့်မယ်လို့ ယူဆပါတယ်။

NUG အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ရေးသားထားတဲ့စာမှာ "၂၀၂၆ ခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ အထိမ်းအမှတ်အခမ်းအနား၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ကာ စစ်တပ်မှ ရက်စက်ကြမ်းကြုတ်မှုများကို ဆက်တိုက် ကျူးလွန်လာခဲ့ပြီးနောက် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို နာယူကျင့်ကြံအားထုတ်ရန်ပင် စိန်ခေါ်မှု အလွန့်အလွန် ကြီးမားလာခဲ့၊မြန်မာပြည်သူပြည်သားများအနေဖြင့် အတင်းအကျပ် နေရပ်စွန့်ခွာနေထိုင်ရခြင်းမှသည် ဆင်းရဲနွမ်းပါးမှု၊ အခြေခံဝန်ဆောင်မှုများ သိသိသာသာ မရှိခြင်းနှင့် အပြစ်မဲ့ ပြည်သူမြောက်များစွာ၏ အသက်အိုးအိမ်များ  ဆုံးရှုံးရသည်အထိ ဆင်းရဲဒုက္ခက ဆိုးရွားစွာ ကြီးထွားလာခဲ့၊ထိုသို့ ခံစားနေရသည့်အကြားကပင် မိမိတို့ ပြည်သူများ၏ ကြံ့ခိုင်သော စိတ်ဝိညာဉ်သည် မယိုင်မနဲ့ သန်မာလျက်ရှိပြီး စစ်မှန်သော တရားဓမ္မနှင့် ငြိမ်းချမ်းရေးတို့ကို မျှော်မှန်း တောင့်တလျက်ရှိ" လို့ ရေးသားထားတာကို ဦးစွာ ထောက်ပြလိုပါတယ်။

မြန်မာပြည်အတွင်းမှာ စစ်တပ်က ဘုန်းတော်ကြီးကျောင်းတွေကို ဖျက်ဆီးတာလား၊ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေက ဖျက်ဆီးခဲ့တာလား။ ထမင်းစားတဲ့သူတိုင်း သိပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက ရဟန်းရှင်လူပြည်သူလူထုအပေါ် သူတို့ရဲ့ ယုတ်မာရိုင်းစိုင်းလွန်းတဲ့ လုပ်ရပ်တွေကို တပ်မတော်ထံ အပြစ်ပုံချတာလည်း အင်မတန် အောက်တန်းကျတဲ့ လုပ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဆွမ်းစားနေတဲ့ သံဃာတော်ကို နီပိန်း ပဒက်တွေ သတ်ခဲ့တယ်။ ဆွမ်းခံကြွနေတဲ့ ကိုရင်လေးတွေ နီပိန်း ပဒက်တွေ ထောင်ထားတဲ့ ဗုံးကွဲပြီး ထိမှန်လို့ ခြေထောက်ဖြတ်ခဲ့ရတယ်။ ဘုန်းတော်ကြီးကျောင်းတွေကို နီပိန်း ပဒက်များက ဝင်ရောက်ဓားမြတိုက်၊ ကျောင်းမှာ ရှိတဲ့ ဆရာတော် သံဃာတော်တွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့တာတွေက သမိုင်းသက်သေပါ။ 

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အမည်ခံ နီပိန်း ပဒက်တွေ ဟာ တခြားသော ဘာသာရေးအဆောက်အုံးများကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မလုပ်ခဲ့ပါဘူး။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကိုပဲ ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာ အခြေပြုနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ခဲ့ကြပါတယ်။

အဲဒီတော့ NUG အကြမ်းဖက်အဖွဲ့ က ပြောတဲ့ "မြတ်ဗုဒ္ဓ၏ အဆုံးအမများကို နာယူကျင့်ကြံအားထုတ်ရန်ပင် စိန်ခေါ်မှု အလွန့်အလွန် ကြီးမားလာခဲ့" တယ်ဆိုတဲ့ ပြောဆိုမှုဟာ တပ်မတော်ရဲ့ လုပ်ရပ်ကြောင့် မဟုတ်ဘူး။ လူယုတ်မာတွေနဲ့ စုဖွဲ့ထားတဲ့ NUG အကြမ်းဖက်ရဲ့  လက်ပါးစေ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို နာယူကျင့်ကြံအားထုတ်ရန်ပင် စိန်ခေါ်မှု အလွန့်အလွန် ကြီးမားလာခဲ့ တာ ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က ရေးသားထားသမျှက သုံးခွက်တစ်ခွက်တင် ဆိုသလို စာတစ်ပုဒ်လုံးမှာ ၉၉.၉၉ ရာခိုင်နှုန်းဟာ မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုတွေချည်းသာ ဖြစ်ပါတယ်။ ပြည်ဖျက်မိစ္ဆာများထဲက ကျော်မိုးထွန်း က “ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း (Walk for Peace)” ခရီးရှည်သည် ငြိမ်းချမ်းရေးကို အထူး ငတ်မွတ်တောင့်တနေကြသည့် မြန်မာ ပြည်သူပြည်သားများအတွက် မျှော်လင့်ချက်နှင့် ခွန်အားတို့ကို သယ်ဆောင်ပေး၊ ထို့အပြင် အင်မတန် အင်အားကြီးမားသော သာဓကတစ်ခုဖြစ်ခါ မိမိတို့ ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးအား မေတ္တာတရား၊ အကြင်နာ၊ ကရုဏာတို့အတွက် တက်ကြွသော၊ မမောမပန်းသော အားစိုက်ထုတ်မှုရှိရမည်ဟု သတိပေးလိုက်ခြင်းပင်ဖြစ်၊ ငြိမ်းချမ်းရေးအတွက် အပြောဖြင့်မဟုတ်ဘဲ အမှန်တကယ် အတူတကွ လျှောက်လှမ်းခြင်းဖြင့် လုပ်ဆောင်ကြရန်၊ မြန်မာပြည်သူများ အပါအဝင် အကျပ်အတည်း ဒုက္ခများအတွင်း ကျရောက်နေသူများအားလုံးကို အမြဲတစေ စိတ်နှလုံးသွင်းပေးကြရန် တိုက်တွန်း နှိုးဆော်လို၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် ဆုတောင်းပေးကြပါရန်နှင့် မြန်မာပြည်သူများ၏ ငြိမ်းချမ်းသော၊ ရေရှည်တည်တံ့သော၊ သာယာဝပြောသော၊ တရားမျှတသော၊ အားလုံးပါဝင်သော အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေး ကြိုးပမ်း အားထုတ်မှုများအတွက်လည်း ပိုမို အားကောင်းသော၊ ထိရောက်သည့် အကူအညီများ ပေးအပ်ကြရန် တောင်းဆိုလိုပါကြောင်း ပြောကြားခဲ့ တယ်လို့ ရေးသားဖော်ပြထားပါတယ်။

မြန်မာပြည် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် လုပ်ဆောင်နေတဲ့ ပြည်ပြေး ဝရမ်းပြေးတွေက ခွေးပါးစပ်က နတ်စကားထွက်သလို ဖြစ်နေပါတယ်။ ဆရာတော် အရှင်ပညာကာရရဲ့ ပုံရိပ်ကိုပါ NUG အကြမ်းဖက်အဖွဲ့က အသုံးချပြီး ပြည်သူလူထုကို နိုင်ငံရေးမှိုင်းတိုက်လိုတဲ့ သဘောမျိုး တွေ့လာရပါတယ်။

ဒါကြောင့်လည်း ဒီစာကို ရေးသားခြင်း ဖြစ်ပါတယ်။ မြန်မာပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်နေတာ ဘယ်သူတွေလဲ။ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တာ ဘယ်သူတွေလဲ။

ပြည်ပြေး ဝရမ်းပြေးတွေက အရှက်သိက္ခာကင်းမဲ့စွာ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေထားတာကို တုန့်ပြန်ရတာ ဖြစ်တဲ့အတွက် သစ္စာတိုင်တည်ပြီးတော့ပဲ တုန့်ပြန်ရတော့မှာ ဖြစ်ပါတယ်။

မြန်မာပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေသူများသည် တပ်မတော်ဖြစ်ပါက တပ်မတော်အပါအဝင် တပ်မတော်နဲ့အတူ တသားတည်း ရပ်တည်သော ကျွန်ုပ်ကိုယ်တိုင်သည် သွားလေရာ လာလေရာ ဘေးတွေ့ပါစေ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စွန့်အ နားမကြား ဖြစ်ပါစေ။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါ ကောင်းကျိုးချမ်းသာများ ရရှိပါစေ။

တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အလုပ်ကို သစ္စာဖောက် လောက်ကောင် ကျော်မိုးထွန်း အပါအဝင် NUG အကြမ်းဖက်အဖွဲ့မှ ပြည်ပြေး ဝရမ်းပြေးများက လှုံ့ဆော်ပြီး ပြည်တွင်းရှိ နီပိန်း ပဒက်များက လုပ်ဆောင်နေရိုးမှန်ကန်ပါက ထိုသူအားလုံးတို့သည် သွားလေရာ လာလေရာ ဘေးတွေ့ပါစေ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စွန့်အနားမကြား ဒုက္ခိတများ ဖြစ်ကြပါစေ။ 

အဲဒီလိုပဲ သစ္စာတိုင်တည်ပြီး ပြောလိုက်ချင်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများဖြစ်သည့် NUG အကြမ်းဖက်အဖွဲ့ဝင်များသည် စကားကိုလည်း မှန်ကန်စာ မပြော၊ လုပ်ရပ်များမှာလည်း ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ဒုက္ခပေးလျက်ရှိပြီး ပြည်သူများ လေးစားတန်ကောင်းရဲ့ ဆိုတဲ့ ပုဂ္ဂိုလ်များရဲ့ ပုံရိပ်ကို အသုံးချကာ ပြည်သူလူထုကို နိုင်ငံရေးမှိုင်းတိုက်ပြီး သေတွင်းထဲ တွန်းပို့နေသော လုပ်ရပ်များကို ဟီရိသြတပ္ပတရား ကင်းမဲ့စွာ လုပ်ဆောင်နေခြင်းအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။

တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ခဲ့သူများ တူသောအကျိုးကို ဘဝမကူးဘဲ ရရှိပါစေ။ Walk For Peace ဆရာတော် အရှင်ပညာကာရ အပါအဝင် သာသနာအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော သံဃာတော်အားလုံးကို ရိုသေစွာ ဦးထိပ်ထားလျက် သစ္စာပြုလိုက်ရပါသည်။


နောင်တော်လေး (ဘိုကလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)