ဘာလင်၊ မေ ၁၃
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဟန်သိန်းကျော်သည် ဘာလင်မြို့အခြေစိုက် သံအဖွဲ့နာယက၊ ဂျာမနီ နိုင်ငံဆိုင်ရာ Holy See ၏ Archbishop Apostolic Nuncio ဖြစ်သူ H.E. Dr. Nikola Eterovic အား သွားရောက်ဂါရဝပြု နှုတ်ဆက်ခဲ့သည်။
အလားတူ သံရုံးယာယီတာဝန်ခံသည် ဘာလင်မြို့အခြေစိုက် ဘာလင်-အာဆီယံကော်မတီ (Berlin ASEAN Committee - BAC) ၏ လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားသံအမတ်ကြီး၊ အာရှ-ပစိဖိတ်သံအမတ်ကြီးများအုပ်စု၏ ဥက္ကဋ္ဌ စင်ကာပူသံအမတ်ကြီး အပါအဝင် အာဆီယံသံအမတ်ကြီးများအားလည်းကောင်း၊ ဂျာမနီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် အိန္ဒိယသံအမတ်ကြီး တို့အား လည်းကောင်း သီးခြားစီ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
သံရုံးယာယီတာဝန်ခံသည် ဂျာမနီနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ဂျာမန် အောက်လွှတ်တော်အမတ်များ အပါအဝင် ဂျာမန်ဘက်မှ တာဝန်ရှိပုဂ္ဂိုလ်များအား သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး၊ ဂျာမန်စီးပွားရေးအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။
မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ် အား နှုတ်ဆက်ဂုဏ်ပြုသောအားဖြင့် ကမ္ဘောဒီးယားသံအမတ်ကြီး၊ မလေးရှားသံအမတ်ကြီး နှင့် ဖိလစ်ပိုင်သံအမတ်ကြီး အပါအဝင် အာဆီယံသံရုံးများက နှုတ်ဆက်နေ့လယ်စာ/ နှုတ်ဆက်ညစာများဖြင့် သီးခြားစီ ဧည့်ခံခဲ့ကြသည်။
ထိုသို့တွေ့ဆုံခဲ့ရာတွင် မြန်မာသံရုံးယာယီတာဝန်ခံသည် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ အပါအဝင် အခြားသောနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေ အနေများ၊ ဂျာမနီနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး အခြေအနေများနှင့် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
#MNP #News






No comments:
Post a Comment