ပြည်ဖျက်မိစ္ဆာတွေရဲ့ အသုံးချခံ ဖြစ်ခဲ့ရတဲ့ ဂျော့ရှုဝါဗန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ဖျက်မိစ္ဆာတွေရဲ့ အသုံးချခံ ဖြစ်ခဲ့ရတဲ့ ဂျော့ရှုဝါဗန်





ဂျော့ရှုဝါဗန် ဟာ ကမ္ဘာကျော် UFC ပရိုမိုးရှင်းကြီးမှာ မြန်မာကိုယ်စားပြုပြီး ယှဉ်ပြိုင်ထိုးသတ်တဲ့အတွက် မြန်မာပြည်သူတစ်ရပ်လုံး (ရဟန်းရှင်လူပြည်သူအားလုံး) က ဗန် ကို အားပေးကြပါတယ်။

သို့သော် ဗန်ရဲ့ အင်တာဗျူး ပြောဆိုနေမှုတွေကို ကြည့်တဲ့အခါ ဗန် သည် ဒုက္ခသည်တစ်ယောက်အနေနဲ့ မလေးရှားမှတဆင့် အမေရိကန်ကို ရောက်ရှိသွားခဲ့တယ်ပေါ့။ သူကလည်း သူ့ဘဝ သူ့အတွေ့အကြုံ သူ့ပတ်ဝန်းကျင်ရဲ့ စကားတွေကိုပဲ အခြေခံပြီး တပ်မတော်ကပဲ တိုင်းပြည်မှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေသယောင် ပြောဆိုမှုတွေ ရှိပါတယ်။ 

ကိုယ်မသိတဲ့ အကြောင်းအရာတွေကို မပြောရင်တော့ ပိုကောင်းတာပေါ့။ သို့သော်လည်း စကား စကား ပြောပါများ စကားထဲက ဇာတိပြဆိုသလို မဟုတ်မမှန် ဖန်တီးပြောဆိုဖြစ်လာပါတယ်။ မလေးရှားရောက် ချင်းဒုက္ခသည် ဆိုသည်များမှာလည်း ဒုက္ခဖြစ်ခွင့်လျှောက်ထားနေကြသူတွေသာ အသိဆုံးပါ။ ဒုက္ခသည်ကတ် အရောင်းအဝယ် ဖြစ်နေကြတာတွေကိုလည်း မလေးရှားရောက် ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဖော်ထုတ်ရေးသား ပြဆိုနေတာတွေကို ဖတ်ခဲ့ရဖူးပါတယ်။

ဒုက္ခသည်ဆိုသည်အများစုမှာ အမှန်တကယ် ဒုက္ခသည်မဟုတ်ပါဘူး။ အမေရိကန် အပါအဝင် အနောက်နိုင်ငံများမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရဖို့ လိမ်ညာဖန်တီးရယူထားတဲ့ ဒုက္ခသည်တွေပါ။

ဗန် တို့ မိသားစုက ဘယ်လိုဒုက္ခသည် အမျိုးအစားလဲ မပြောလိုပါဘူး။ ဒုက္ခသည် အမည်ခံပြီး အမေရိကန်ကို ရောက်အောင် သွားနိုင်ခဲ့ကြတယ်။ ဒါက သူတို့တွေရဲ့ အိမ်မက်ပါ။

ဗန်ရဲ့ ပွဲတွေကို ကြည့်ဖြစ်ပါတယ်။ အားပေးဖြစ်ပါတယ်။ သူပြောနေတဲ့ အင်တာဗျူးတွေကိုလည်း ကြည့်ဖြစ်ပါတယ်။ သူ့ပတ်ဝန်းကျင် သူ့ကျင်လည်ရာ အခြေအနေကို ထင်ဟပ်ပြီး ပြောဆိုရင်းက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ ဝန်းရံခြင်းကို ရရှိနေသူ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီတွေရဲ့ အသုံးချခံ ဖြစ်မှန်းမသိ ဖြစ်သွားတော့တာပါပဲ။

အမေရိကန်မှာ ရှိနေတဲ့ ဗန်ဆီကို ရောက်သွားသူတွေထဲမှာ အကြမ်းဖက်လှုံ့ဆော်သူ ပြည်ပြေး အာဇာနည် က အစောဆုံးထဲက တစ်ယောက်ပါ။ အကြမ်းဖက်ခေါင်းဆောင် ဆာဆာ ကတော့ ချင်းလူမျိုးလည်း ဖြစ်နေတဲ့အတွက် ဗန် ရဲ့ ပုံရိပ်ကို အသုံးချပြီး လုပ်ခဲ့တာတွေကိုလည်း တွေ့ရပါတယ်။

ယခု ဗန် ရဲ့ မလေးရှား ခရီးစဉ်မှာတော့ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူ ဖြူဖြူကျော်သိန်း က ဗန်နဲ့အတူ တွဲပြီး ပွဲထွက်လာတာကို တွေ့ရပါတယ်။ 

ထင်ပေါ်ကျော်ကြားသူတွေ သတိပြုရမှာက မိမိတို့ကို အားပေးနေတဲ့ ပရိတ်သတ်များထဲမှာ အရောင်အသွေးစုံလင်ပါတယ်။ ဗန် က ခရစ်ယာန်ဖြစ်နေသည့်တိုင်အောင် မြန်မာကိုယ်စားပြု ဖိုက်တာဖြစ်တဲ့အတွက် သံဃာတော်တွေကအစ အားပေးကြပါတယ်။ အောင်လအန်ဆိုင်းတုန်းကလည်း ဒီလိုပါပဲ။ အောင်လအန်ဆိုင်း ကိုယ်တိုင်လည်း စိတ်ခံစားချက်တစ်ခုကို ရှေ့တန်းတင်ပြီး မလျော်ကန်တဲ့ လုပ်ရပ်တွေ လုပ်ပြခဲ့ဖူးပါတယ်။ အခု ဗန် ကိုလည်း ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာအုပ်စုက အသုံးချနေပါပြီ။

ဂျော့ရှုဝါဗန် အနေနဲ့တော့ အရောင်အသွေးစုံလင်တဲ့ ပရိတ်သတ်တွေအပေါ် မလိုလားအပ်တဲ့ စကားလုံးတွေနဲ့ မစော်ကားမိဖို့ လိုပါတယ်။ ကိုယ်သိတာလေးလောက် ကိုယ့်ပတ်ဝန်းကျင်က စကားတွေကို ယုံကြည်ပြီး ဗလွတ်ရွှတ်တ မပြောမိဖို့လည်း အရေးကြီးပါတယ်။ ဗန်ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေသူတွေက တိုင်းပြု ပြည်ပြု လုပ်သူတွေ မဟုတ်ဘူး။ တိုင်းဖျက် ပြည်ဖျက်လုပ်ပြီး ပြည်ပထွက်ပြေးသွားသူတွေ များပါတယ်။ 

အခုဆိုရင်ပဲ သူတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှု၊ အကြမ်းဖက်သမားများကို ကူညီပံ့ပိုးနိုင်ရေး ဗန်ရဲ့ ပုံရိပ်တွေကို အသုံးချလာပြီဖြစ်လို့ ကာယကံရှင်ဖြစ်တဲ့ ဗန် အနေနဲ့ မြန်မာပြည်ကို ဖျက်ဆီးသူများ စာရင်းထဲ မပါဝင်စေလိုပါ။ မိမိကို အားပေးနေကြတဲ့ မြန်မာပြည်က ပရိတ်သတ်များအပေါ် အပြန်အလှန်လေးစားမှုနဲ့ ပြောဆိုဆက်ဆံတတ်ပါစေလို့ အကြံပြုလိုခြင်း ဖြစ်ပါတယ်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)